U 19 သို့
+++++
ကမ္ဘာ အလယ်မှာ
မြန်မာ ဟေ့ရယ်လို့
ဇမ္ဇြူမှာ ညီလေးတို့က
ဟစ်ကြွေး ခဲ့လေသလား ...
ပြည်သူရယ် သန်း၆၀ရှေ့မှာမှ
စည်းလုံးမှု့ခွန်အားတွေ
ညီလေးတို့ ပြခဲ့လေသလား ...
နယူး ဆိုတဲ့ ဇီလန် ကြီးမှာ
အသက်၂၀ ကမ္ဘာဖလားရယ်သို့
ပြုံးပန်းတွေ ဝေဆာစွာနဲ့
အိမ်မက်တွေ ယူကာပေးလေသလား ...
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ကွင်းမှာမှ
လှေတက်ကြီးကျန် အလံဘယ်မလဲ
တက်ကျိုးရင် လက်ရိုးနဲ့လှော်မယ်
တူညီစွာ ပေါင်းစုအားတွေနဲ့
UAE ကို အလဲထိုးကာ
အသည်း ထဲကပိုးတွေဖြင့်
ရွှေမြန်မာဆိုတာ ပြခဲ့လေသလား ...
ဂုဏ်ယူတယ် ညီလေးတို့
လေးစားတယ် ညီလေးတို့
အားပေးတယ် ညီလေးတို့
တွဲလက်တွေ မြဲမြန်စွာနဲ့
ပြည်သူတွေ နောက်မှာရှိတယ်
ကမ္ဘာဖလား ဝင်ခွင့်ရတာနဲ့တင်
မင်းတို့ မင်းတို့ အားလုံးကို
ရိုးသားစွာ ဦးညွှတ်လိုက်တယ်
U19 ဆိုသော ညီလေးတို့ရယ် ... ။ ။

#ချစ်ရသူလှိုင်မင်း
(U-19 ညီငယ်လေးများအားလုံးသို့ ဂုဏ်ပြုအပ်ပါသည်)
ကမ္ဘာဖလား ဝင်ခွင့်ရတုန်းကရေးထားတာလေး
ကဗျာလေး အရမ်းကောင်းတယ်ဗျာ နောင်ကြီး
ReplyDelete