+++++

အတုံ အလှည့်တွေနဲ့
သံသရာ ဘဝဝဲမှာမှ
ဩော်
အတိတ် ကံကြမ္မာရယ်
နည်းခဲ့လေသလားကွယ် ....
ချစ်တာသိပြီး
သစ္စာမရှိသူတွေ အရပ်မှာမှ
ဆွမ်းခံရင်း အဆိပ်သင့်ခဲ့လေသလား
သံယောဇဉ် အမျှင်တန်းတွေလည်း
ရှင်ခန်းပင် ဖြတ်လိုက်စမ်းချင်ရဲ့
သည်အပူ ဒြပ်ထုအားရယ်က
နွယ်ပင်လို တွယ်ငင်တိုးလေသလား
နှောင်ဖွဲ့စွာ မြတ်နိုးမိလို့
စွဲလန်းစွာ ချစ်မိမှတော့
ဩော်
ချစ်သမျှကျွံ ကိုယ့်အလွန်ပေါ့
အချစ်ရယ် ... ။ ။
အချစ်ကြီးထှာဗျား ကဗျာလေးအရမ်းကောင်းပါတယ်နောင်ကြီး
ReplyDelete