ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, March 2, 2015

ဝေဒနာ (၁)



ဝေဒနာ (၁)
++++++

မဆုံနိင် ဝေးကြပြီ ဆိုမှဖြင့်
ကိုကို လို့တောင် မခေါ်ပါနဲ့တော့လား

ချစ်သူရယ် .....

ပူသမျှ အပူတွေကိုမှ
တူမျှကာ ယူမယ်ပြောခဲ့သူက
ပြန်မပြောလို့ နားမထောင်
တဇွတ်ထိုးရယ် စိတ်ကလေးတွေနဲ့
ဝေဒနာတွေ လူကိုပေးပါလို့
ထားရစ်ခဲ့လေသလား ကွယ် .....

ကိုယ့် မြင်းကို စိုင်းတာပဲ လေ
စကိုင်းပင် ရောက် ရောက်လား
ကိုယ်ထင်ရင် ကုတင်ရွှေနန်းမို့
ဖြစ်သမျှအကြောင်း အကောင်းပေါ့
ချစ်သူရယ် ....

ချစ်သမျှကျွံ သမုဒယရဲ့ နွံမို့
ကောင်းမယ်ထင်လို့ ရွေးတဲ့လမ်း
အကြင်နာစိမ့်စမ်းတွေလည်း စီးပါစေ
လျှောက်သောလမ်းလည်း ဖြောင့်ပါစေ
အေးစေ မွှေးစေ ငြိမ်းစေ ချစ်သူ ရေ ..... ။ ။

No comments:

Post a Comment