***********
တစ်သက်မှာ
ထာဝရ ရယ်နဲ့
ရင်ထဲမှာ
တွယ်တာ လွန်းပြီမို့
နှင်း လို့ပဲ ခေါ်မယ် ကွယ် ....
ချစ်သက်သေ
ခြေရာလေး တွေကြောင့်
လွမ်းမျက်ရည်
ရင် မှာမကျအောင်
သိပ်ချစ်ခဲ့ရသူပါ ကွယ် ....
အရှုံးအမြတ် မတွက်တော့ပါဘူး
အဆုံးအဖြတ်က နှင်းသဘောပါ
အချိန်ဆိုတဲ့ ကာလ တစ်ခုက
တို့နှစ်ယောက်ရဲ့ ဘဝ ဆိုရင်
သံယောဇဉ် သမုဒယ အမြစ် နဲ့
ရင်ထဲက သစ္စာအချစ်တွေကိုတော့
နှင်း ကိုယ်တိုင်ပဲ အဆုံးသတ်ပေးခဲ့ပါ ... ။ ။

No comments:
Post a Comment