အဖ ဘုရားသခင်ထံမှာ ခိုလှုံပါတော့
+++++++++++++++++++

ပန်းအကြွေ ဘဝမှာဖြင့်
စမ်းရေလိုလည်း စီးပါစေ
လွမ်းဝေဒနာ ဘဝမှာဖြင့်
ပန်းလေးလိုလည်း မွှေးပါစေ
ကဗျာလည်း မဆန်
ကာရံလည်း မလှ
နုံချာတဲ့ ဘဝမှာမှ
မီးအိမ်ရှင် လို့ နာမည်ပေး
လူတကာကို ပျော်ရွှင်မှု့ပေးတဲ့
အရွယ်ငယ်ငယ် ချစ်ညီမလေး
သွားနှင့်တော့ ညီမလေး ရေ
ဘဝနယ် တစ်ကွေ့ မှာဖြင့်
ခဏသာတွေ့ဆုံခွင့်ရပေမယ့်
ကံဇတ်ဆရာ အလိုကြများ
လူရယ်လို့ ပြန်ဖြစ်ခဲ့ကြရင်
ကို့ကို့ ညီမလေး အရင်းသာ
ပိုင်ဆိုင်ခွင့် ရပါစေလို့
ဆုတွေတောင်းရင်း
ဘုရားသခင် ရင်ခွင်ရိပ်မှာ
မှေးစက်ကာ ခိုလှုံလိုက်တော့
ချစ်ညီမလေး ရေ ... ။ ။
ညီမငယ်လေး အိမ့်ချမ်းမြေ့ သို့ အမှတ်တရ ၁၂.၁၁.၂၀၁၄
+++++++++++++++++++

ပန်းအကြွေ ဘဝမှာဖြင့်
စမ်းရေလိုလည်း စီးပါစေ
လွမ်းဝေဒနာ ဘဝမှာဖြင့်
ပန်းလေးလိုလည်း မွှေးပါစေ
ကဗျာလည်း မဆန်
ကာရံလည်း မလှ
နုံချာတဲ့ ဘဝမှာမှ
မီးအိမ်ရှင် လို့ နာမည်ပေး
လူတကာကို ပျော်ရွှင်မှု့ပေးတဲ့
အရွယ်ငယ်ငယ် ချစ်ညီမလေး
သွားနှင့်တော့ ညီမလေး ရေ
ဘဝနယ် တစ်ကွေ့ မှာဖြင့်
ခဏသာတွေ့ဆုံခွင့်ရပေမယ့်
ကံဇတ်ဆရာ အလိုကြများ
လူရယ်လို့ ပြန်ဖြစ်ခဲ့ကြရင်
ကို့ကို့ ညီမလေး အရင်းသာ
ပိုင်ဆိုင်ခွင့် ရပါစေလို့
ဆုတွေတောင်းရင်း
ဘုရားသခင် ရင်ခွင်ရိပ်မှာ
မှေးစက်ကာ ခိုလှုံလိုက်တော့
ချစ်ညီမလေး ရေ ... ။ ။
ညီမငယ်လေး အိမ့်ချမ်းမြေ့ သို့ အမှတ်တရ ၁၂.၁၁.၂၀၁၄
No comments:
Post a Comment