++++++++++++
မြိုင်မြိုင်ဆိုင်ဆိုင် လတန်းဆောင်တိုင်တဲ့လား
ဟအင်း
အဲ အသံတွေ မကြားခြင်တော့ဘူး
နေ့ထူး နေ့မြတ် ရက်ထူး ရက်မြတ်ရောက်တိုင်း
အသည်းတွေ ကွဲကြေလို့
အဝေးရောက် ငါတို့ ငါတို့ တစ်တွေ
မျက်ရည်တွေ ချောင်းစီးကျတာ
ဘယ်သူမြင် ဘယ်သူ သိနိင်မလဲ
ဘဝဆိုတဲ့ တိုက်ပွဲမှာ
သောကဆိုတဲ့ ကျောပိုးအိတ်နဲ့
အပျော်ဆိုတဲ့ အပြုံးတွေကိုထည့်ရင်း
မျိုသိပ်နာကျင်ခဲ့ရတာတွေက
ရှေ့ကံအကျိုးပေးလား
မနေတတ်ပေမယ့် ကျေနပ်ပါတယ်လေ
နဖူး က ချွေး ခြေမ ကျမှ ရသော
အထက်လွှာ တစ်နေ့သုံး ငွေလေးတွေနဲ့
မိဘတွေကို တစ်လတစ်ခါ ထောက်ပံ့နိင်တာ
မချီးကျူးရင်နေကြပါ မကဲ့ရဲ့ပါနဲ့လား
ခင်ဗျားတို့ ပြောနေတဲ့ ကျွန်တွေမှာလည်း
ချစ်တတ် ခံစားတတ်တဲ့ နှလုံးသားနဲ့ပါ ဗျာ
ဘာပဲပြောပြော လွမ်းမိတယ်ဗျာ ......

No comments:
Post a Comment