
မချစ်ရဲဘူး မဏိစန္ဒာ
**************
ဘုရင့် ပဏ္ဍာတော်ပေမို့
အကျွန်မျိုး အဖြစ်ရယ်က
ပြစ်လျှက်နဲ့ခွာ ချစ်လျှက်ရယ်ပါ
မိဏိစန္ဒာ ....
နှလုံးသားတွေ နီးပေမယ့်
စစ်ပွဲတစ်ရာ နိင်သော်ညား
သည်အချစ် တစ်ပွဲမှာတော့ဖြင့်
အရှင့်အာဏာကို ဖီဆန်လို့
မချစ်ရဲပါဘူး မဏိစန္ဒာ ....
ပွဲအလည်
နှောင်းကြိုးတွေ ရစ်တင်းပါလို့
ကျိန်စာလို အမှန်တရားနဲ့
အရိန္နမာ လှံသွားရယ်ကြောင့်
သက်ရင်လည်းသေ ထားရင်လည်းနေ
အကျွန်မျိုး အဖြစ်တွေပါ လေ ..... ။ ။
No comments:
Post a Comment