***********

ရင်မှပေါက်ဖွား
ချစ်စွမ်းအားကြောင့်
စာဖွဲ့တေးသီ
နုလှစီတော့
ဩော်
ရင်ထဲက ပိုး
သမုဒယ ပိုး ပေါ့ .....
တစ်ပင်ညိုးလို့
တစ်ပင်ကိုပျိုး
ကျွန့် အဖြစ်မျိုးက
ဦးယျာဉ်မှုးလို့
အချစ်မျိုးပါ ပိုး ....
နေ့စွဲမရှိတဲ့ အချစ်ရယ်
ပြက္ခဒိန်မသိတဲ့ အချစ်ရယ်ကြောင့်
တစ်နေ့နေ့ ခွဲရရင်လည်း
အသဲထဲ နစ်လို့ သိပ်ချစ်မယ် ပိုး ....
မမေ့ရဲသူ အဖြစ်ကိုဖြင့်
ပိုး က မှ မကြင်နာ
တမင်ခွာ တိမ်းရင်တော့
ရင်ထဲမှာ ဝေဒနာကျွမ်းကာ
(အချစ်ရယ်)
လွမ်း လို့ မ ကျန် ပါ ရ စေ နဲ့ ..... ။ ။
No comments:
Post a Comment