ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, March 2, 2015

သွား နှင့် တော့ ညီ မ လေး ရေ

သွား နှင့် တော့ ညီ မ လေး ရေ
**********************


တအူထုံ တစ်ကယ်မဆင်းပေမယ့်
နင် ဟာလေ ကို့ကို့ အတွက်တော့
ညီမငယ် အရင်းလေးပါပဲကွယ် ....

အွန်လိုင်းမှာ ဆုံတွေသော်လည်း
ရေမြေတွေ ဝေးကွာခြားပေမယ့်
ကြီးသူတွေ ရိုသေတတ်သူလေးရယ်မို့
အချစ်တွေသာပို အနှစ်တွေသာလေ
တိုးခဲ့ပါတယ် ညီမလေး ရယ် ....

ဘာသာရယ်မတူ ကိုးကွယ်တာခြားပေမယ့်
ချမ်းကျွမ်းဝင် အကို အမ တွေနဲ့
ပျော်စရာတွေ ဝေကာပေးရင်း
ကဗျာတွေ အပြန်အလှန်ရေးလို့
ချက်ခန်းမှာ ရွှန်းရွှန်းဝေအောင်
အေးမြတဲ့ အပြုံးတွေ ဖြင့်
မုသားမပါ အရောင်မဆိုးပဲ
သိမ်မွေ့လွန်းတယ် ညီမလေး ရယ် ....

ချစ်သူထား မယ်ဆိုရင်လည်း
အသိပေးတဲ့ ညီမလေး
ကဗျာတွေ ရေးမပေးရင်လည်း
စိတ်ကောက်ပြတဲ့ ညီမလေး
ဘီရာတွေ သောက်ရင်လည်း
ဆုံးမတတ်တဲ့ ညီမလေး
ည ည တွေ မအိပ်ရင်လည်း
ဟောက်တတ်တဲ့ ညီမလေး
ကိုကို ချက်ကျွေးတာတွေ
စားချင်တယ် ပြောတဲ့ ညီမလေး
ဩော်
ဘဝကြမ္မာ လွန်ဆွဲပွဲမှာမှ
ခဏတာ နေခွင့်ရခဲ့လေသလား
သွားနှင့်တော့ ညီမလေးရေ
အဖ ဘုရား သခင်ရဲ့ ရင်ခွင်မှာ
ခိုဝင်ကာ မှေးစက်ရင်း
အပြုံးပန်းတွေ ပွင့်လန်းပါစေ
အဖြစ်ဆိုးတွေ ဝေးပါစေ
အေးစေ မွှေးစေ ငြိမ်းစေတော့
ညီမငယ်ငယ် ချစ်စဖွယ်လေးရေ .... ။ ။
ညီမငယ်လေး အိမ့်ချမ်းမြေ့သို့ အလွမ်းမပြေ ၁၂.၁၁.၂၀၁၄

No comments:

Post a Comment