
သူငယ်ချင်း သို့
++++++++
မဖြေသာ ဝေဒနာတွေနဲ့
မင်း တရေးနိုးခဲ့ပြန်ပြီလား
သူငယ်ချင်း ရယ် .....
စိတ်ကို ငြိမ်အောင်ထား
သူကြင်မှ ကိုယ်ကြင်စမ်းပါ
အပြုံးမြမြနဲ့ နှလုံးလှတဲ့
မင်းဟာ လူသားပါ
သူငယ်ချင်း ရယ် .....
မျက်ရည်တွေ မကျစမ်းနဲ့
သက်သေတွေ မပြစမ်းနဲ့
အမုန်းတွေ ဖက်စမ်းပါစေ
အရှုံးတွေတော့ ထုတ်မပြပါနဲ့
သူငယ်ချင်း ရယ် .....
နုံခြာသူ ဘဝသမားမို့
ခဏအနားမှာ မနေခြင်သူတွေကို
တမ်းတမ်း တတ နွမ်းနွမ်း လျလျ
လွမ်းမနေနဲ့တော့ လှိုင်မင်း ရေ
ဂျင်စိမ်းနဲ့ မိတ်သလင်လို့ ပေါ့ .... ။ ။
No comments:
Post a Comment