ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, March 25, 2015

ကျေးဇူးဆပ်ခွင့် ရပါရစေ

ကျေးဇူးဆပ်ခွင့် ရပါရစေ
+++++++++++++

မူးချွဲငို အပိုမပြောပါဘု
အူဝဲဆို အသံကြားယုံနဲ့

အပြုံးတွေ ဝေခဲ့ရတာ
ချစ် မေမေ ပါ ...

သမီးကို ကိုးလကျော် လွယ်ပိုးလို့
အသက်ပင် သေစေတော့ရယ်ပေါ့
အပူ ငံ ချို ချဉ် စပ် ခါး တွေ နဲ့
ရှောင်ကာလေ စားခဲ့တာလည်း
ချစ် မေမေ ပါ ...

ကလေး အဖေ ဘယ်သူလည်းရယ်လို့
ပတ်ဝန်းကျင် တံတွေး ကွက်မှာတော့
ငါ့ နာမည် မပျက်စေရဘူးရယ်လို့များ
စိတ်မှာတွေးလို့ သမီး ကို စွန့်ရက်လေသလား
ချစ် မေမေ ....

အပြစ်မတင်ရက်ပါဘူး ချစ်မေမေ
မိဘ ကျေးဇူး မဆပ်လိုက်ရတာပဲ
သမီး လူမဖြစ်ခဲ့ရဘူးရယ်လို့
ဝမ်းနည်းမိတာပါ ချစ်မေမေ ....

ပုရွက်ဆိပ်တွေ ကိုက်တယ် မေမေ
သမီး ပါးနုနုလေးမှာ ရဲလိုပေါ့
အူဝဲလို လည်း မငိုရဲဘူး မေမေ
တိရိစ္စာန်တွေ ကိုက်မှာကြောက်လို့
မေမေ စွန့်ခဲ့ပါ ထားခဲ့ပါ ခွဲခဲ့ပါ
တစ်နေ့နေ့တော့ ကျေးဇူးဆပ်ခွင့်ရပါစေနော်
ခုတော့
သမီး ..............
နို့ဆာလိုက်တာ မေမေ ရယ် .... ။ ။




(မိဘစွန့်ပြစ်ခြင်းမှ ရင်သွေးငယ်တိုင်း ကင်းဝေးကြပါစေ)

No comments:

Post a Comment