+++++++++
လရောင် ရယ်ဖွေး
ညအေးအေး မှာ
သွဲ့သွဲ့ လေးညှင်း
စော်ကာ သွင်းတော့
ချမ်းခိုက်လှိုက်တုန် ဆောင်းရဂုန်
ဖြူ ပြာ လဲ့လို့
သူ ငါ မကွဲ
နှင်း သည်းသည်း မှာ
ရွက် ကျ စီးသံ
သူ့ သဏ္ဍာန် က
မပီဝိုးဝါး အသံကြား
မြူတွေ အုံ့စိုင်း
ဤ လတိုင်း ဝယ်
အဝေး ရောက်နေ
အိမ်သူ့ ဆွေသို့
မျှော် ရင်း မှန်းစ
ကျွမ်း တမ်းတ သည်
ပြန်ခဲ့ပါတော့ ဆောင်းရာသီ ။ ။

No comments:
Post a Comment