ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, March 2, 2015

ခေါ်ရက်လေသလား



ခေါ်ရက်လေသလား
++++++++++

ညီမလေး ရေ
တွယ်တာ လှပေမယ့်
ကွယ်ရာကပဲ ငိုပါမယ် ...

သံယောဇဉ် ကြီးသူမို့
ရင်ထဲမှာ တဆစ်ဆစ်နဲ့
ဒဏ်ရာတွေ ဒီရေလိုပဲ
တိုး ... တိုးလွန်းတယ် ကွယ် ....

သွားတော့မယ် နူတ်မဆက်ခြင်ပေမယ့်
ကံကြမ္မာ ဘဝ ရထားရယ်က
ဆိုးလွန်းတယ် ဝေဒနာမျိုးနဲ့
အတိတ်ကံ ပါခဲ့လေသလား .....

ချန်ရစ်သူနဲ့ ကျန်ရစ်သူ
မလွမ်းဘယ်သူ ရှိပါမလဲ
ကံထားရာနေ ကံစေရာသွား
အပုတ်ကောင် အလှတွေကတော့
ရုပ်ဆောင်တာတောင်မှ အနိစ္စက 
မမြဲ ... မမြဲ ခဲ့ပါဘူး ညီမလေး ရယ် ....

သွားရတော့မှာလား
စောသေးတယ် သေမင်းရယ်
မိဘတွေ စောစော ခွဲသွားခဲ့သူကိုမှ
ခင်ဗျားတို့မို့ အားမနာ
ရောဂါကို အဆိုးကြီးပေးလို့
ပျော်ရွှင်စရာ ဘဝလေးကို
ဆွဲလို့ရက် ခေါ်ရက်လေသလား ဗျာ .... ။ ။


ညီမငယ်လေး အိမ့်ချမ်းမြေ့ သို့အမှတ်တရ ၁၂.၁၁.၂၀၁၄
 — 

No comments:

Post a Comment