ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, March 2, 2015

ထာ ဝ ရ ပါ ညီမလေး ရယ်




ထာ ဝ ရ ပါ ညီမလေး ရယ်
++++++++++++++

မေ့စေခြင်လို့
သံယောဇဉ်တွေ မပတ်ရစ်အောင်
ဖြတ်ပြစ်သော်လည်း မရပါကွယ်
ညီမလေး ရယ် .....

သွားမှာစိုးလို့
ခေါ်ထားပေမယ့် ရုတ်တရက်သာ
နူတ်ဆက်မသာပဲ အမှောင်ထဲသို့
တစ်ယောက်ထဲသာ သွားရစ်လေသလား
ညီမလေး ရယ် .....

သမုဒယ နဲ့ တွယ်တာလို့
တွယ်လွန်းတဲ့ ဒီ အရိပ်က
ဖြတ်မရ တဲ့ နွယ် လိုပေါ့
တစ်ကယ် ချစ်စိတ်ကြောင့်ပါ
ညီမလေး ရယ် .....

နှစ်တွေဘယ်လို ပြောင်းပြောင်း
ကာလတွေ ဘယ်လောက်ကြာကြာ
ညီမလေး ရေ
အစဉ်အမြဲလေ နင် ခွဲပေမယ့်
ရင်ထဲမှာတော့ ထာဝရ ရှိနေမယ် ...... ။ ။


ညီမငယ်လေး အိမ့်ချမ်းမြေ့ သို့ ၁၂.၁၁.၂၀၁၄

No comments:

Post a Comment