ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, March 2, 2015

မိသားစု


မိသားစု

++++

တအူထုံ 
တစ်ကယ် မဆင်းကြပေမယ့်
ငယ်ဘဝရဲ့ မောင့်အဖော်
လက်တွဲလို့မော် ...။

ကျောင်းတော်မယ် 
စာသင် ဖက်တွေ မို့
ငယ်ဘဝရဲ့ ကစားဖော်
သိပ်ချစ်တယ်နော် ...။

အတောင်စုံ
ချစ်ဗိမာန် ရင်ရိပ်နန်းဆီသို့
မြန်းကြစို့ အတူတူနော်
သက်ထားလည်းပျော် ...။

နှစ်တွေကြာ
သူ့မှာနော် မောင့်ရင်သွေးရယ်နဲ့
လူဖြစ်ပြီ ဟစ်ကာကြွေးလို့
ကြည်းနူးလို့ အတူတူပျော်
မိသားစုနော် ...။

ဟင်းအစုံ
စားပွဲခုံ ထမင်းဝိုင်းမှာဖြင့်
ချစ်သားငယ် ချစ်သမီးနဲ့
ချစ်ဇနီးရယ် လက်ဆုံစားရင်
အလိုကွယ်
စားလို့မိန်သေး .... ။ ။

No comments:

Post a Comment