*****
အခါ တစ်ပါးမှလ
ပန်ဆင်စေ မောင်ရည်စူးလို့
ခရေပွင့်တွေ ကောက်ကာဖြင့်
ပန်းကုံးလေးကို သီခဲ့တယ် ....။
ခင့် ကိုကွယ် တွေ့ရင်တော့ဖြင့်
ဘယ်နေ့မှာ ဘယ်လို့လွမ်းလို့
ဘယ်နေ့မှာ ဘယ်လိုချစ်တာကို
နူတ်တရာ စာစကားလုံးတွေနဲ့
လွမ်းတာတွေ ပြောပြမယ်ပေါ့ ....။
အပြေးလာ
ခင့် အနားရောက်လျှင်တော့
သီကုံးသွယ် ခရေကုံးကိုလ
ကေသာမှာ မောင်ဆင်ပေးမယ်လို့
စိတ်မှာနော် ပျော်ယုံရှိသေး
(အချစ်ရယ်)
နင့် ခေါင်းမှာ ပန်းတွေက ဖွေး .... ။ ။

No comments:
Post a Comment