
သား ကောင်
+++++++
ဘဝ ကြမ္မာ ဝဋ်ဆင်းရဲမှာမှ
ငါ က
ခဏ တဏှာ သက်နှင်းခဲ့ရသလိုပ
မာယာရှင်တွေ မြူးပျော်ပွဲမှာမှ
ငါ က
သားကောင်ဖြစ်မှန်း မသိ က ခုန် ရင်း
အငို အပြုံးတွေနဲ့ အသုံးတော်ခံခဲ့ရတာ
ရှေ့အတိတ်ရဲ့ ကျိန်စာတွေကြောင့်လား
ဘယ်သူမှားလို့ ဘယ်သူမှန်တယ်
အသေခြာ ဆန်းစစ်လို့ ဝေဖန်တော့မှ
ငါ က
ငမိုက်သား တစ်ယောက်ပါလား
အလွဲ အလွဲ တွေ နဲ့မှ
ခဏ ခဏ ကွဲတဲ့ အသည်း ကို
အရှက်ဆိုသော သိက္ခာ တရားနဲ့
မျို ချ ရင်း .... ။
No comments:
Post a Comment