ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, March 2, 2015

မောင့် မန်း သူ


မောင့် မန်း သူ
***********

အလှမှာ အယဉ်ဆင့်ပါလို့
အသွင်တင့်တဲ့ မောင့်မန်းသူ
လွမ်း ရ ရင် ပူ ...

နဂိုရေ အသားတော်ဝင်းလို့
ခေတ်မဆန် သူရှေ့မပြေးပါပဲ
နန်းဆန်ဆန် အဆင်ဆန်းတွေနဲ့
လှပုံမှာ မြင်သူငေးတယ်
စိတ် ချ မယ် ကွယ် ....

မြန်းမကြာ မန်းရွှေမြို့သို့
လှမ်းတစ်ခါ လာခဲ့ရင်တော့
တူနှစ်ကိုယ် ဂဟေဆက်ရအောင်
နေ့ရက်တွေ အတူရွေးမယ်
         မောင့်မန်းသူရယ် ကြိုတော့ကွယ် .... ။ ။

No comments:

Post a Comment