ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, March 25, 2015

တို့ တိုင်းပြည်


တို့ တိုင်းပြည်
+++++++

တို့ပြည် တို့ရွာ
ပြည်မြန်မာ က
စနစ်ရယ် ဆိုး
သခင်ဆိုး နှင့်
အုပ်ချူပ်နှစ်ပေါင်း
တာရှည်ဟောင်းလည်း
မလွှတ် အာဏာ
ခုံမင်စွာ ဖြင့်
ထောက်ထားမငဲ့
ရူးအားဖက်လို့
နှစ်ခြောက်ဆယ်ပင် ကျော်ခဲ့ပြီ .....

တို့ပြည် တို့ရွာ
ပြည်မြန်မာ က
စိမ်းလန်းစိုပြေ
တောတောင်မြေလည်း
ရောင်းစားအကုန်
လောဘဟုန်နဲ့
မြေပိုင်ရှိသူ
သိမ်းယူကုန်မို့
ဘဝမလဲ ဝဋ်ဆင်းရဲ .....

တို့ပြည် တို့ရွာ
ပြည်မြန်မာ က
ဘာသာရေးမှိုင်း
အလွန်ရိုင်းကာ
သိမ်ဖြို ကျောင်းသိမ်း
ထောင်ချထိမ်းရင်း
မျိုးချစ်စိတ်တွေ
ပြင်းပြနေလျှက်
သံဃာကိုပင် သတ်ရဲသည် ....

No comments:

Post a Comment