
ဝါ ကျွတ် ကန့် တော့ ပန်း
+*+*+*+*+*+*+*+
ရာသီပြောင်း၍ တပတ်လည်ပြီ
ဝါကျွတ်အခါ ဆီမီးဖြာတော့
သာစွဝေဆာ ပြည်မြန်မာသို့
ရင်မှဖွင့်ပြ နှလုံးလှဖြင့်
အောက်မေ့တမ်းတ လွမ်းရသည် ။
သက်ကြီးအရွယ် များသူနယ်ကို
စွန့်ကာပေးလှူ ကုသိုလ်ယူ၍
ဝါကျွတ်မီးပွဲ အတူတွဲကာ
သားရယ်သမီး ချစ်ဇနီးနှင့်
မုန့်ဗုံးအစုံ ရှေ့တွင်ပုံလို့
မနောသုံးလီ ဝန်ချချီရင်း
တောင်းပန်ကန့်တော့ ဦချမည် ။
အမေ့မေတ္တာ ဖေ့ကြင်နာနှင့်
ပညာပြည့်ဝ နှလုံးလှအောင်
ပဲ့ကိုင်သွန်သင် ချစ်အရှင်မို့
မိုးဦးပန်းသွင် ကြည်နူးရွှင်၍
ရေမြေဝေးခြား တိုင်းတစ်ပါးမှ
တုပ်ကွရိုကျိုး လက်ဆုံမိုးလျက်
ရှိခိုးဦးခိုက်မိသည်တကား ။ ။
+*+*+*+*+*+*+*+
ရာသီပြောင်း၍ တပတ်လည်ပြီ
ဝါကျွတ်အခါ ဆီမီးဖြာတော့
သာစွဝေဆာ ပြည်မြန်မာသို့
ရင်မှဖွင့်ပြ နှလုံးလှဖြင့်
အောက်မေ့တမ်းတ လွမ်းရသည် ။
သက်ကြီးအရွယ် များသူနယ်ကို
စွန့်ကာပေးလှူ ကုသိုလ်ယူ၍
ဝါကျွတ်မီးပွဲ အတူတွဲကာ
သားရယ်သမီး ချစ်ဇနီးနှင့်
မုန့်ဗုံးအစုံ ရှေ့တွင်ပုံလို့
မနောသုံးလီ ဝန်ချချီရင်း
တောင်းပန်ကန့်တော့ ဦချမည် ။
အမေ့မေတ္တာ ဖေ့ကြင်နာနှင့်
ပညာပြည့်ဝ နှလုံးလှအောင်
ပဲ့ကိုင်သွန်သင် ချစ်အရှင်မို့
မိုးဦးပန်းသွင် ကြည်နူးရွှင်၍
ရေမြေဝေးခြား တိုင်းတစ်ပါးမှ
တုပ်ကွရိုကျိုး လက်ဆုံမိုးလျက်
ရှိခိုးဦးခိုက်မိသည်တကား ။ ။
No comments:
Post a Comment