ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, February 1, 2015

ကျောင်း သား တို့ ရဲ့ ပွဲ


ကျောင်း သား တို့ ရဲ့ ပွဲ
*****************

ကျောင်းနံရံ တစ်ဝိုက်မှာတော့ဖြင့်
ဒေါင်းအလံ စိုက်မယ်ဟေ့ရယ်လို့
မန်းရွှေပြည် ကျောင်းသားထုရယ်က
မီးထုပ်ကိုဖြင့် ရို့ခဲ့ပြီ ......

သွားလေပြီ လမ်းတစ်လျှောက်မှာဖြင့်
ပန်းပြေစေ ပြည်သူများရယ်က
ရင်တွင်းမယ် သဒ္ဒါအားတွေနဲ့
ဝိုင်းဝန်းလို့ဖြင့် ကြိုခဲ့ပြီ ......

ကျောင်းသားနော် သာဂီသွေးတွေရဲ့
အာဏာရှင် ရန်အပေါင်းကိုဖြင့်
အောင်ကျော် ထုံးကို နှလုံးမူလို့
တို့တစ်တွေကို သင်းတို့တွေက
သေနပ်နဲ့ပင် ပြစ်အုံးမလား
စွမ်းအားရှင် ခွေးရမ်းကားတွေနဲ့
အကြမ်းဖက်ပင် ခွင်းအုံးမလား
မကြောက်ပေါင် ပညာရေးပေမို့
တို့သွေးကို အရင်းတည်ကာ
သပိတ်ကိုဖြင့် မှောက်ခဲ့ပြီ .....

သမိုင်းတွင်
ကမ္ဘာမကျေ သီချင်းကိုလ
ငါတို့တစ်တွေ သံပြိုင်ဆိုရင်း
ခြေထောက်ပင် နာချင်နာစေတော့
အမောပင် ဖောက်ချင်ဖောက်စေတော့
ငါတို့ချွေးရယ် တစ်စက်အားဖြင့်
နောင် ကလေးတွေ ပညာရေးကို
လမ်းဖွင့်ကာ ဖော်ဆောင်သွားမယ်
ကျောင်း သား တို့ ရဲ့ ပွဲ ........။ ။

ချစ်သော အိ သို့


ချစ်သော အိ သို့
++++++++

အိ ရေ ......
မင်း မျက် နှာ ကို
က ဗျာ လို့ တွေး
စာ သီ ဆွေး မှ
အ ချစ် မည် လား ။

အိ ရေ .....
စ ကား ချို ပြ
ရွှန်း မြ မြ နဲ့
မူ ယာ မ သုံး
ဟန် မ ပြုံး ကာ
ကာ လ တာ ရှည်
မ မေ့ လေ တော့
အ ချစ် မည် လား ။

အိ ရေ ....
ဘ ဝ တစ် ကွေ့ မှာ
ခ ဏ မ မေ့ သာ ပဲ 
နှ လုံး သား ဝယ် 
မုန်း တ ရား မ ကြွယ် လို့
သ မု ဒ ယ အ ချစ် မြစ် မှ
သူ မှ သူ ဆို တဲ့ အ သိ ရယ်
သူ မှ သူ ဆို တဲ့ အ ချစ် တွေ က
ဩော်
အစဉ်အမြဲလေ သခင်ခွဲပေမယ့်
သေသိတိုင်အောင် ရှိအုံးမည် ။ ။

စိတ်မနာပါရစေနဲ့

စိတ်မနာပါရစေနဲ့
+++++++++

စိတ်မနာပါရစေနဲ့
လိပ်ပြာမလှဖြစ်မှာမို့ပါ
မိန်းကလေး ရယ်
ရုပ်ကလေးတော့ လှပါရဲ့
စိတ်ဓါတ်က ဖက်ခွက်စား
ချစ်တာသိပြီး သစ္စာကမရှိ
မေတ္တာသိပြီး ကြင်နာကမရှိ
ကျောချမှ ဓမြ မှန်းသိ
ကျားကြောက်လို့ ရှင့်ကြီကိုး
ရှင့်ကြီးကျားထက် စိုးပါလား
ဩော်
မိန်းမလည် သိန်းကြွယ်မကြီးရယ်


ဝါ ကျွတ် ကန့် တော့ ပန်း


ဝါ ကျွတ် ကန့် တော့ ပန်း
+*+*+*+*+*+*+*+

ရာသီပြောင်း၍ တပတ်လည်ပြီ
ဝါကျွတ်အခါ ဆီမီးဖြာတော့

သာစွဝေဆာ ပြည်မြန်မာသို့
ရင်မှဖွင့်ပြ နှလုံးလှဖြင့်
အောက်မေ့တမ်းတ လွမ်းရသည် ။

သက်ကြီးအရွယ် များသူနယ်ကို
စွန့်ကာပေးလှူ ကုသိုလ်ယူ၍
ဝါကျွတ်မီးပွဲ အတူတွဲကာ
သားရယ်သမီး ချစ်ဇနီးနှင့်
မုန့်ဗုံးအစုံ ရှေ့တွင်ပုံလို့
မနောသုံးလီ ဝန်ချချီရင်း
တောင်းပန်ကန့်တော့ ဦချမည် ။

အမေ့မေတ္တာ ဖေ့ကြင်နာနှင့်
ပညာပြည့်ဝ နှလုံးလှအောင်
ပဲ့ကိုင်သွန်သင် ချစ်အရှင်မို့
မိုးဦးပန်းသွင် ကြည်နူးရွှင်၍
ရေမြေဝေးခြား တိုင်းတစ်ပါးမှ
တုပ်ကွရိုကျိုး လက်ဆုံမိုးလျက်
ရှိခိုးဦးခိုက်မိသည်တကား ။ ။

အဆိပ်ဖြစ်ရင်တောင်

အဆိပ်ဖြစ်ရင်တောင်
×××××××××××

နေရောင်ခြည်တွေ အကျဉ်းကြလို့
ညများစွာဟာ မှောင်မိုက်နေတယ်
လ လည်း မသာ ကြယ် လည်း မလင်း
ဘယ်ကြမ္မာ အညိုးတွေများကြောင့်
မြှူ တွေမှိုင်းပြီး တိမ် တွေစိုင်းနေသလဲ
ဆုံခွင့်ရှိရင် လွမ်းခွင့်ရှိရင်တော့
နင့် ရဲ့ အလင်း တွေ သာ
ငါ့ အတွက် အဆိပ် ဖြစ်မယ်ဆို
ငါ ရဲရဲကြီး သောက်သုံးသွားပါရစေလို့ ...........။