ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 23, 2015

U 19 သို့


U 19 သို့
+++++

ကမ္ဘာ အလယ်မှာ 
မြန်မာ ဟေ့ရယ်လို့
ဇမ္ဇြူမှာ ညီလေးတို့က
ဟစ်ကြွေး ခဲ့လေသလား ...

ပြည်သူရယ် သန်း၆၀ရှေ့မှာမှ
စည်းလုံးမှု့ခွန်အားတွေ
ညီလေးတို့ ပြခဲ့လေသလား ...

နယူး ဆိုတဲ့ ဇီလန် ကြီးမှာ
အသက်၂၀ ကမ္ဘာဖလားရယ်သို့
ပြုံးပန်းတွေ ဝေဆာစွာနဲ့
အိမ်မက်တွေ ယူကာပေးလေသလား ...

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ကွင်းမှာမှ
လှေတက်ကြီးကျန် အလံဘယ်မလဲ
တက်ကျိုးရင် လက်ရိုးနဲ့လှော်မယ်
တူညီစွာ ပေါင်းစုအားတွေနဲ့
UAE ကို အလဲထိုးကာ
အသည်း ထဲကပိုးတွေဖြင့်
ရွှေမြန်မာဆိုတာ ပြခဲ့လေသလား ...

ဂုဏ်ယူတယ် ညီလေးတို့
လေးစားတယ် ညီလေးတို့
အားပေးတယ် ညီလေးတို့
တွဲလက်တွေ မြဲမြန်စွာနဲ့
ပြည်သူတွေ နောက်မှာရှိတယ်
ကမ္ဘာဖလား ဝင်ခွင့်ရတာနဲ့တင်
မင်းတို့ မင်းတို့ အားလုံးကို
ရိုးသားစွာ ဦးညွှတ်လိုက်တယ်
U19 ဆိုသော ညီလေးတို့ရယ် ... ။ ။


#ချစ်ရသူလှိုင်မင်း

(U-19 ညီငယ်လေးများအားလုံးသို့ ဂုဏ်ပြုအပ်ပါသည်)
ကမ္ဘာဖလား ဝင်ခွင့်ရတုန်းကရေးထားတာလေးပါ

U19 နည်းပြချူပ်သို့


U19 နည်းပြချူပ်သို့
++++++++++



ဩော်
ဘာသာ ရယ် မတူ
လူမျိုး ရယ် ခြားပေမယ့်
ကမ္ဘာ အလယ်မှာ
ဝံ့ကြွားစေတော့ရယ်လို့
ဟစ်ကြွေးကာ ပေးခဲ့သူ .....

နှာတံဖြူ
ပရိယာယ် များလေသလား
ကစားကွက်ကို နှစ်ထပ်ဖော်
အပြတ်စော် U... A ... E 
မြေသိမ့်လို့ ဟီး ...

အရှေ့တောင် အာရှကျားတွေသို့
နယူးဇီလန် ပြည်ဝင်ခွင့်ကိုတော့
မျက်နှာငယ် တို့များကိုဖြင့်
လမ်းဖွင့်လို့ ပေးခဲ့ပြီ
သူပေးတဲ့ အလင်းရောင်
သိပ်မကြာ ၂၀၁၅မှာလေ
မြန်မာတွေ ကမ္ဘာမှာနွဲ့မယ်
ကဲ ပြုံးလို့ပျော်လိုက်စမ်း ... ။ ။


(ယူ၁၉နည်းပြချူပ်သို့ ဂုဏ်ပြုအပ်ပါသည်)
ကမ္ဘာဖလား ဝင်ခွင့်ရတုန်းကရေးထားတာလေးပါ


မင်္ဂလာပါ



မင်္ဂလာပါ
+++++

မှောင်ရိပ်ပယ်၍
ရောင်နီသန်းကာ 
ထက်ကောင်းတစ်ခွင်
နေခြည်သန်းလို့ လာခဲ့ပြီ ။

ရွာဦးကျောင်းမှ
နရီအုန်းမောင်း
ရွေ့ကာပြောင်းလို့
လေးချက်စည်လည်း မြည်ခဲ့ပြီ ။

လေးတွင်သင်းပျံ့
ပန်းရနံ့ဖြင့်
ဆီမီးပူဇော်
ညွှပ်တွားကော်လို့
စိတ်တွင်းမှာလည်း ကြည်ခဲ့ပြီ ။

ဗုဒ္ဓဟောကြား မြတ်တရားဖြင့်
မိခင်ဖခင် ကျေးဇူးရှင်နဲ့
လူမင်းနတ်မင်း လုံးစုံမကျန်
ပို့ဝေအမျှ ကုသလကို
ရကြပါစေ အမျှဝေရင်း
အတ္တကိုခွာ မာနလွှာလို့
မင်္ဂလာနံနက် ပို့သလျှက် .....။ ။

ညီလေး သို့



ညီလေး သို့
++++++

ညီလေးရေ
ကဗျာ မဆန် ကာရံ မလှလို့များ
စိတ်အတွေးမှာ အားငယ်နေသလား
အဲတာ
ဘဝမဟုတ်ဘူး ညီလေးရယ် .....

စိတ်နေစိတ်ထား မြင့်မြတ်နှလုံးသားနဲ့
ကြီးသူရိုသေ ငယ်သူသနား
ရွယ်တူလေးစား မှ လူ အစစ်လေ
ကူညီတတ်ပါစေ
ရိုင်းပင်းတတ်ပါစေ
ပေးဝေတတ်ပါစေ
မိဘကျေးဇူး သိတတ်ပါစေ
လူ့ တန်ဖိုးဆိုတာက
ဆင်းရဲတာ အလကား
ချမ်းသာတာ အလကား
ရုပ်နာမ် အလှတွေနဲ့
အကိုတို့တွေကလေ
အပုတ်ကောင်ဘဝတွေပါ
တော်ပီ ညီလေးရေ
စင်ပေါ်မှာ အသာရတဲ့
ပကာသနတွေကို လွှတ်ပြစ်လိုက်
အဲတာတွေက ဘဝ မှ မဟုတ်တာ
ဒါလေးတွေကို ငါ့ ညီနားလည်ရင်
ကျေ နပ် ပြီ ..... ။ ။

ကျေးဇူးပြုလို့

ကျေးဇူးပြုလို့
+++++++

အာဏာ ရမ္မက် အဆိပ်တွေကတော့
တော မြို့ မကျန် မီးခိုးကြွက်လျှောက်ပဲ ...


ဘယ်သူသေသေ ငတေမာပြီးရော
သိုက်တူးသမားတွေကလည်း ဒု နဲ့ ဒေး ...

ဇမ္မြူဒီပါ လက်ယာတောင်ကျွန်းမှာမှ
သြဘာ နိမိတ် ထွန်းခဲ့သောနိင်ငံက
ရောင်ခြည်တော်တွေ ဆိတ်သုန်းလို့
မှောင်အတိကျခဲ့ရတာ ငြိမ်းချမ်းမှု့တွေ
အားလုံးပျောက်ကွယ်ခဲ့ရလို့များလား .....

ရှင်ခြင်းနဲ့သေခြင်း ကြားမှာ
သေခြာစွာ ငါတို့ မသိလိုက်ရဘူး
သူတို့ သူတို့ တွေက
သက္ကရာဇ်တွေကို ဝါးမျိုးလာခဲ့ကြတာ
မျိုးဆက်သစ်လူငယ်တွေ အတွက်တော့
အနာဂတ် တောတွေပြုန်းသွားသလိုမျိုးပဲ ....

အတိတ်ထဲ သေနေတဲ့ ငါတို့ဘဝတွေ
မိုးလင်းခြင်း အဓိပ္ပါယ်တွေကို ကောင်းစွာ မြင်ပါရစေ
အိပ်တန်းပြန် ငှက်တွေလို လွပ်လပ်စွာ အိပ်စက်ပါရစေ
ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း တို့ရဲ့
မေတ္တာအပြုံးပန်းတွေ သေအထိ မြင်တွေ့ပါရစေ
ခေတ် ဆိုတာကို စကားလုံး ပေါင်းတတ်ပေမယ့်
စနစ်ဆိုးခေတ်ဆိုးကြီးထဲက လွတ်မြောက်ပါရစေ
သေနပ်သံတွေ တိတ်လို့ ခေါင်းလောင်းသံတွေ လှိုင်ပေးကြပါ
ကျောသားရင်သားမခွဲခြားပဲ မေတ္တာတရားတွေထားပေးကြပါ
အမှောင်ခွင်းလို့ အလင်းရောင်တွေ ပြပေးကြပါ
လူကိုလူခြင်း တန်ဖိုးလေးတွေ ထားပေးကြပါ
ငါတို့ ငါတို့ တွေ
ပြုံပန်းပြိုင်လို့ မေတ္တာပုလဲမိုးတို့ ရွာပါရစေ ..... ။ ။


သူ သိ စေ

သူ သိ စေ 
+++++

အတုံ အလှည့်တွေနဲ့
သံသရာ ဘဝဝဲမှာမှ
ဩော်
အတိတ် ကံကြမ္မာရယ်
နည်းခဲ့လေသလားကွယ် ....

ချစ်တာသိပြီး
သစ္စာမရှိသူတွေ အရပ်မှာမှ
ဆွမ်းခံရင်း အဆိပ်သင့်ခဲ့လေသလား

သံယောဇဉ် အမျှင်တန်းတွေလည်း
ရှင်ခန်းပင် ဖြတ်လိုက်စမ်းချင်ရဲ့
သည်အပူ ဒြပ်ထုအားရယ်က
နွယ်ပင်လို တွယ်ငင်တိုးလေသလား

နှောင်ဖွဲ့စွာ မြတ်နိုးမိလို့
စွဲလန်းစွာ ချစ်မိမှတော့
ဩော်
ချစ်သမျှကျွံ ကိုယ့်အလွန်ပေါ့
အချစ်ရယ် ... ။ ။

သူ သိပါမလား



သူ သိပါမလား
++++++++

ပမ်း သ မျှ
ပြေ ပျောက် စေ မယ့်
သူ ဆို သော
လူ တစ် ယောက် ရယ် က
ငါ့ အ ပါး မှာ မှ
မ ရှိ တော့ တာ လေ
ပန်း မ ဟုတ် သော် ညား
ငါ့ ရင် မှာ
စမ်း မ ဟုတ် တာ ကို တော့
ဘယ် သူ မြင် ဘယ် သူ သိ မ လဲ
အ ချစ် ရယ် ။ ။



သူ ပျော်ပါစေ



သူ ပျော်ပါစေ
++++++++

မျက်ရည်စတွေလည်း
ပုလဲခသီ ရွှဲခဲ့ပြီလေ ......

ကဗျာမမှီ စာဖွဲ့သီတော့
ပန်းချီဆေးသား ခပ်ဝါးဝါးပါ ....

လွမ်း စေတော့ရယ်လို့
မောင့်ဥယျာဉ် ရင်ခွင်နန်းက
ကိုင်းပြောင်းလို့ အမြင့်ပျံ
အို ..........
သူ ပျော်ပါရဲ့လား ......

တမ်းတလို့ ရင်မှာကျင်
တစ်နွေကုန် တစ်ဆောင်းပြောင်းတော့
အဖော်သစ်တွေနဲ့မှ
ဩော်
သူ ပျော်ရစ်ကာ နေနိင်ပါ့မလား ....

အချစ်ဆိုသော ထိုအရာ
ဆော့စရာ သူထင်နေမှတော့
မောင့် အချစ်ကိုမှ သူမမြင်
ကံရယ်ကုန် ရေစက်ခြားပြီမို့
အချစ်ရေ
မင်း ချမ်းမြေ့နိင်စေသား ..... ။ ။

ဓါတ်စာ


ဓါတ်စာ
====

ထမင်းမှာ
ဖြူဖြူ ဖွေးရယ်နဲ့

ပူပူလေးကို ဖြင့်
စား ပါ့ မယ် ။

ဟင်းမှာနော်
ငါးမွှေထိုးကြော်လို့
ပါးစပ်မှာ အလွန်ခါးပေမယ့်
အဟာရရယ် မရှိတာကြောင့်
လူမမာ နလန်ထဖို့ရေး
စား လိုက် တော့ လေး ။ ။

မေ့မရပါဘူး ညီမလေး ရယ်



မေ့မရပါဘူး ညီမလေး ရယ်
~~~~~~~~~~~~~~~

လွမ်းမပြေ
ရင်မှာနင့်ပါလို့
တစ်လသို့ပင် ပြည့်ခဲ့ပြီလေ
ညီမလေး ရေ ...

ရွက်ကြွေဘဝလေးရယ်နဲ့
အကိုင်းအခက်ကလေးတွေ
ဝေဆာစွာ မဖူးပွင့်ခဲ့ရပါပဲ
လေတစ်ခါ သရမ်းယုံဖြင့်
အကြွေစောခဲ့ရလေသလား
ညီမလေး ရယ် ....

ဘဝကြမ္မာ လွန်ဆွဲပွဲမှာမှ
ခဏတစ်ခါ
အလည်လာရသူခြင်း အတူတူ
ခါးသက်သက် ဝေဒနာဆိုးတွေနဲ့
နူတ်ဆက်ကာ လမ်းခွဲသွားရက်လေသလား
ညီမလေး ရယ် ...

တစ်ကယ်လိုများ
ဖန်လာဘဝ နောင်ကာလဝယ်
လူရယ်လိုများ ဖြစ်လာသေးလျှင်
စိတ်နှယ်လူလှ ပြုံးမြမြဖြင့်
မိရယ်အဖ ပြည့်စုံစွာနဲ့
သေမှတစ်ဖန် သက်ပင်တစ်ဆုံး
ပျော်ရွှင်စွာနေနိင်ပါစေတော့ရယ်လို့
ဆုတွေတောင်းရင်း
တစ်လပြည့်မှာ ထာဝရမမေ့ပါဘူး
ညီမလေးရယ် ......။ ။

ချစ်သော သဲ သို့



ချစ်သော သဲ သို့
+++++++++

သဲ ရေ
ဗလာ အချစ်တွေနဲ့

ခဏအဖော် အဖြစ်ဆိုပြီး
မောင်
အပျော် ချစ်ခဲ့တာတော့
မဟုတ်ရပါဘူးကွယ် .....

သဲ ရေ
သစ္စာတရား ကို ရင်မှာထား
ကြင်နာသော မေတ္တာအားတွေနဲ့
ပါရမီ ဖြည့်ဖက်လေးရယ်ဆိုပြီး
မမုန်းသဒ္ဒါကျွံ ရစ်ကာ
ဆုံးကမ္ဘာ နယ်လွန်အချစ်တွေကိုဖြင့်
သနားမငဲ့လို့ ဓါး ထက်ထက်နဲ့ပင်
ရင်ကိုယ်ခွဲလို့ သခင် ကြည့်လျှင်လည်း
မြင်မိမယ်လို့ ထင်မိသူရယ်ပါကွယ် ....

သဲ ရေ
မတော်တာ ကြံဆမိလို့
နော်ရထာ မာန်ရှသလိုပါပဲလား
သဲ ကတော့ ဧကရီ တစ်ပါးပေမို့
မောင်လိုလူ မျက်နှာမွဲ ကိုတော့
မချစ်လို့ အပြစ်ရှာ စိမ်းပြီးဆိုမှဖြင့်
(အချစ်ရယ်)
တစ်ခါတည်းသာ သတ်ခဲ့ပါတော့ကွယ် .... ။ ။

ငေး ကြည့် မြဲ

ငေး ကြည့် မြဲ
×××××××

ချစ် ခွင့် ရယ်
မ ပိုင် သေး သူ မို့
မျှော် ဆွေး ကာ
နေ မိ သူ ကို တော့
သ နား မ ငဲ့ ညှာ
တိမ်း လျှက် ဖယ် ခွာ ရင်း
မ ကြင် နာ
မုန်း ပင် ပျိုး ခဲ့ တောင်
ဩော်
ခပ် ဝေး ဝေး က ငေး ကြည့် မြဲ ပေါ့ .... ။ ။


လွမ်း မိ တယ် (၂)


လွမ်း မိ တယ် (၂)
&++++++++&

ချူပ်နရီ ညနေစောင်းမှာဖြင့်
အဆင်း တစ်ကယ်ပင် လှပါတဲ့
လုံမငယ် ပျိုတစ်သင်းရယ်က
ရေအိုတွေ ကိုယ်စီရွက်ပါလို့
တံ တျာ တေ သီကာကျူးရင်း
ရေခပ်အောင် လာကြပြီကွယ် ....။

ရေဆိပ်ကို ရောက်လျှင်တော့
တို့တစ်တွေ ရေမခပ်သေးခင်
စုံလင်စွာ သတင်းတွေပြောလို့
ဝါကျွတ်မယ် အတူပျော်ရအောင်
ဘုရားပွဲလေး လုပ်ခိုင်းမယ် ....။

ရေအိုးတွေ ကိုယ်စီပြည့်ပြီမို့
သာအေးရယ် ငါ့ကိုယ်ပင့်ပါဟဲ့
သံတစာစာ သူတို့ပြောရင်း
အိမ်အပြန် နောက်မကျရအောင်
ရွာအဝင် ပြန်လမ်းသို့ လှမ်း .... ။ ။

အ မှောင်


အ မှောင်
+++++

ငါ့ မှာ ဒေါ သ

ငါ မော ဟ နဲ့

ငါ သာ အ ရှင်

ငါ သ ခင် ဟု

ငါ ကိုယ် ငါ ခြင်း

ငါ ဖျင်း ထပ် လျှက်

ငါ မှောင် သာ ဖုံး

လူ ဖြစ် ရှုံး ၏ ... ။

အချစ်စစ်


အချစ်စစ်
×××××

မေတ္တာစစ်နဲ့ ချစ်တဲ့ ယောက်ကျားလေးတွေ ဆို
ကောင်မလေးတွေက တန်ဖိုး မထားကြဘူး
ခဏတာ သာယာပြီး အပျော်ချစ်တွေနောက်ကို လိုက်ကြတယ်
အချစ်စစ်နဲ့ ချစ်တဲ့ မိန်းကလေးတွေ ဆို
ယောက်ကျားလေးတွေက မယုံကြည်ခြင်ကြဘူး
အီစီကလီစီနောက်တွေကို ရစ်မူးခြင်ကြတယ်
နားလည်မှု့နဲ့ တည်ဆောက်ထားတဲ့ ချစ်သူမျိုးတွေကြ
ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ အရာရာ ပွင့်လင်းလို့ 
အပြန်အလှန်လေးစားမူ့လေးတွေနဲ့ နေကြတယ်
ဆိုတော့က
မိမိ အချစ်ကို ဝေဖန်ဆန်းစစ်ကြည့်ပါ
သာယာ အချစ်လား
အညှာ အချစ်လား
ချစ်သူတွေ စထားပြီး ဆိုကတည်းက လက်တွဲဖော်အဖြစ် ရွေးချယ်ပြီး ဆုံးဖြတ်ခဲ့ကြမယ်ထင်ပါရဲ့
စဉ်းစား စဉ်းစား စဉ်းစား ..... ။

နိင်တော်မူပါ မေ



နိင်တော်မူပါ မေ
***********

အမုန်းတရားမပါရပါပဲ

အရူံးပေးထားသူတစ်ယောက်ရဲ့

နှလုံးသားငိုကြွေးသံတွေကိုဖြင့်

သခင် မမြင် သခင် မသိခဲ့ရင်လည်း

ဓားထက်ထက်နဲ့ ရင်ကိုယ်ခွဲလို့

ဒီကောင်အသည်းကိုမှ ပန် လို ပန်

မောင် ကတော့လေ

ငြူစူကာ အပြစ်မတင်ရက်ပါဘူး

အချစ်ရယ် .....

ဘယ်လိုလဲ မိသဲညှာ


ဘယ်လိုလဲ မိသဲညှာ
÷÷÷÷÷÷÷÷÷÷÷


ထန်ညက်ခဲလေး ပြယုံလောက်နဲ့
ငါ က
အမြီးနံ့ ပြရလောက်အောင်
ခွေး တစ်ကောင်မှ မဟုတ်ခဲ့တာလေ
ပွဲလန့်တိုင်း ဖျာခင်းရအောင်လည်း
ငါ က
ရာသီတော် ၁၂ ပွဲဈေးသည်လို
လူတစ်ယောက်မှ မဟုတ်ခဲ့တာလေ
မုသားမပါ လင်္ကာမချောပေမယ့်
လျှာနှစ်ခွနဲ့ မြွေဟောက်ထက်
နင် က
ပိုဆိုးခဲ့ပါတယ် မသဲညှာ
အိုင်တွေ့တိုင်း ခြေဆေးတယ်ပြောတာက
ငါတို့ ယောက်ကျားတွေအတွက်
နင်တို့ ပြောနေကြလက်သုံးစကား
ခုများတော့ ဟာ
မရွှင်အသည်းနာလို့ ရင်ကွဲတာတွေကို
ပေတရာမှာ မကြော်ငြာ နေတော့ဘူး
ကျား တကာတွေရဲ့ ရင်ခွင်ကိုမှ
ကစားစရာလို့ ထင်နေသ၍တော့
ဒီမှာ
နင် ....... 
ဖြစ်သွားလိမ့်မယ် မိသဲညှာ ရေ ...။

ရင် လေး တယ်

ရင် လေး တယ်
++++++++

ဘာသာရေးကို
အာဏာမြဲဖို့
နိင်ငံရေးနဲ့ လှည့်တိုက်တယ် .....

သူတို့ အကြံတွေ
အောင်မြင်သွားတော့
မှိုင်းမိတဲ့ လူအများရယ်
ပုံအစစ်မှန်တောင် မတင်ရဲပဲ
မျိုးချစ်ကြီးလို့ အော်ကြတယ် .....

မွတ်နိင်ငံပင် အဖြစ်မခံဘူးလို့
ပိတ်မှောင်နေသော မျက်ကန်းတွေ
ကိုယ့်အမေအရွယ် ဗိုလ်ချူပ်သမီးကို
ခွေးစုလို့လည်း ခေါ်ကြတယ် .....

ဝစီကံပင် ပြစ်ကာမှားတဲ့
ထင်လင်းဦးလို့ လူကိုကွယ်
ပုဒ်မတွေလေ အသီသီတပ်ကာ
ထောင်ကြအောင်ပဲ လုပ်ပြမယ် .....

ကာယကံနဲ့ပင် လုပ်ကာပြတဲ့
အာဏာရှင်များ ဟိုတစ်စုကို
ယောင်လိုပင်လေ အီးမပေါက်ရဲလို့
အသာအယာ တိတ်နေမယ် .....

ချက်နဲ့လက်ရယ် ပြောသူများကို
မျိုးချစ်အကိုများ ခေါ်ပုံရယ်
ကုလားခြင်းထပ်ကာ ကုလားပါပဲလို့
ဆဲနည်းပေါင်းစုံ ဆဲပြမယ် ......

အမျိုးစောင့်တာ ဘာကွာသလဲလို့
မသိလို့လည်း မေးအုံးမယ်
ဘာသာ သာသနာ စောင့်တာလွဲရင်
ကိုယ့်လူမျိုးကို သတ်တာမပါဘူးကွယ် ......

ကုလားကိုကွယ် ရှေ့မှာပြလို့
နောက်ကတရုတ်က ဖင်ချတယ်
ပြည်သူကျွေးတာ သူတို့စားပြီး
ပြည်သူကိုလည်း ပြန်သတ်မယ် ...
မျက်ကန်းတွေရေ သေခြာတွေးတော့
နောင် အနာဂတ်များ အတွက်
ရင်လေးတယ် ... ရင်လေးတယ် .. ။ ။

တို့ နိင် ငံ

တို့ နိင် ငံ
@^^@

မနက်ခင်း အိပ်ယာနိုးတာနဲ့
မင်္ဂလာ နံနက်ခင်းပါလို့ နူတ်ဆက်ရင်း
ကြေးစည်သံတွေ နားဝင်နေတဲ့ နိင်ငံ

ရိုးသား ကြိုးစား ကျေးဇူးရှင် တောင်သူကြီးတွေရဲ့
ဆန် စပါး ကောက်ပဲသီးနှံတွေကိုဖြင့်
လက်ရည်တစ်ပြင်တည်း စားသုံးနေသော နိင်ငံ

အညွှန်တလူလူ တက်နေသော
နောင် အနာဂတ်ရင်သွေးလောင်းတွေကို
အညွှန့်ချိုးခံရသော ကယ်တင်ရှင် နိင်ငံ

မြေပေါ်မြေအောက် ရသမျှ ရောင်းစားလို့
ပြည်သူတွေ သူတောင်းစား သာသာ အဆင့်နဲ့
လူတစ်စုသာ ကောင်းစားနေသော နိင်ငံ

ဘာသာရေး နဲ့ နိင်ငံရေး အမြတ်ထုတ်လို့
သံဃာ အချင်းချင်း လူမျိုး အချင်းချင်း လူသား အချင်းချင်း
ရန်တိုက်ပေးနေသော နိင်ငံ

ဗုဒ္ဓဘာသာ ဝင်ဝင် စစ်စစ်တွေကမှပင်
မိမိ သံဃာ မိမိ ကျောင်းသား မိမိ အိုးအိမ်
မိမိ ဘာသာ မိမိ လူမျိုး မိမိ ယဉ်ကျေးမူ့ကို
ပြန်လို့်ဖျက်စည်းမှန်းမသိ ဖျက်စည်းနေသော နိင်ငံ

အရည်ခြုံ သင်္ဃန်းဝတ်တွေနဲ့ရယ်
ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရယ်
အွန်လိုင်းမျိုးချစ်သူရဲကောင်းတွေရယ်
အသုံးချ အလွန်ကောင်းသော နိင်ငံ
မိုင်းမတိုက်နဲ့ ရိုင်းလိုက်တဲ့ သမိုင်း
မိုးပေါ်ထောင်ပြစ်လို့ ပြည်သူတွေရဲ့
အသက်တွေ ခဏ ခဏ စတေးနေသော နိင်ငံ

ခေါင်းဆောင်ကောင်း ရှိပါလျှက်
မွတ်နိင်ငံ ဖြစ်မယ်ပြောလို့
မယုံကြည်ရဲသော နိင်ငံ
ခေါင်းဆောင်ရှိပါလျှက်
ခေါင်းရှောင်လျှက် ရှိသော
မိဘပြည်သူများ ခင်ဗျာ နိင်ငံ
မျိုးဆက်သစ်တွေ အနာဂတ်အမှောင်ကျလို့
စမ်းတစ်ဝါးဝါး လမ်းလျှောက်နေရသော နိင်ငံ

အာဏာရှင်လုပ်တာ မှန်သမျှ
ဘာတစ်ခုမှ မပြောရဲ မရေးရဲသော မပြောရဲသော
အသင်းအဖွဲ့တွေနဲ့ ကုလားကြောက်ရောဂါ ရနေသော နိင်ငံ

ဟော ကြည့်စမ်း
စိမ်းလန်းစိုပြည်နေသော မြေတွေက
ကန္တာရ အသွင် ခြောက် ကပ် ကပ်
တောင် အသွယ် အသွယ် က
ကတုံး တွေ အထပ် အထပ်
ရမ်းငွေ့တွေက မီးခိုး ကြွက်လျှောက်
မြေပုံထောက်ကြည့်တော့လည်း
သွေးစက်တွေက နေရာအနှံ့  တစ်စက်စက်
တောက်ခေါက်ရင်း ........



Wednesday, March 25, 2015

ကျေးဇူးဆပ်ခွင့် ရပါရစေ

ကျေးဇူးဆပ်ခွင့် ရပါရစေ
+++++++++++++

မူးချွဲငို အပိုမပြောပါဘု
အူဝဲဆို အသံကြားယုံနဲ့

အပြုံးတွေ ဝေခဲ့ရတာ
ချစ် မေမေ ပါ ...

သမီးကို ကိုးလကျော် လွယ်ပိုးလို့
အသက်ပင် သေစေတော့ရယ်ပေါ့
အပူ ငံ ချို ချဉ် စပ် ခါး တွေ နဲ့
ရှောင်ကာလေ စားခဲ့တာလည်း
ချစ် မေမေ ပါ ...

ကလေး အဖေ ဘယ်သူလည်းရယ်လို့
ပတ်ဝန်းကျင် တံတွေး ကွက်မှာတော့
ငါ့ နာမည် မပျက်စေရဘူးရယ်လို့များ
စိတ်မှာတွေးလို့ သမီး ကို စွန့်ရက်လေသလား
ချစ် မေမေ ....

အပြစ်မတင်ရက်ပါဘူး ချစ်မေမေ
မိဘ ကျေးဇူး မဆပ်လိုက်ရတာပဲ
သမီး လူမဖြစ်ခဲ့ရဘူးရယ်လို့
ဝမ်းနည်းမိတာပါ ချစ်မေမေ ....

ပုရွက်ဆိပ်တွေ ကိုက်တယ် မေမေ
သမီး ပါးနုနုလေးမှာ ရဲလိုပေါ့
အူဝဲလို လည်း မငိုရဲဘူး မေမေ
တိရိစ္စာန်တွေ ကိုက်မှာကြောက်လို့
မေမေ စွန့်ခဲ့ပါ ထားခဲ့ပါ ခွဲခဲ့ပါ
တစ်နေ့နေ့တော့ ကျေးဇူးဆပ်ခွင့်ရပါစေနော်
ခုတော့
သမီး ..............
နို့ဆာလိုက်တာ မေမေ ရယ် .... ။ ။




(မိဘစွန့်ပြစ်ခြင်းမှ ရင်သွေးငယ်တိုင်း ကင်းဝေးကြပါစေ)

ချစ်လေး သို့


ချစ်လေး သို့
+++++++
သံသရာ 
ဘုံတစ်ကွေ့မှာဖြင့်
ကံကြမ္မာ
ထုံမွေ့လို့များတော့
ပြန်လည်ကာ
မဆုံးတွေ ပါရစေနဲ့တော့
ချစ်လေး ရေ .....

ဖြစ်သူ ကတော့ အဟောင်း
ပြုသူ ကဖြင့် အသစ်မို့
ဖြစ်သမျှ အကြောင်းကိုတော့
အကောင်းလို့ သတ်မှတ်ကာ
ဒေါသ ဝေဒနာတွေကိုမှ
သောက ကဗျာလေးတွေနဲ့
ဖြေသိမ့်ရင်း
လှမ်း ... လှမ်း ၍ ကမ္ဘာ ခြား
ချစ်လေး ... ရေ
မင်း .. ချမ်း ချမ်း မြေ့ ပါစေသား ... ။ ။

ပြုံး ခဲ့ တယ်

ပြုံး ခဲ့ တယ်
++++++

သူ ပျော် ပါ စေ
စိတ် မှာ တွေး လို့
ဟာ သာ တွေ လည်း
ပြော ပေး တယ် ...

သူ ပျော် ပါ စေ
ရင် မှာ တွေး လို့
အ ရူး လို လည်း
နေ ပေး တယ် ...

မ ပျော် တာ ကို 
စိတ် မှာ ထုတ် လို့
သ ဏ္ဍာန် ရုပ် ဖြင့် 
ပြုံးခဲ့တယ် ပြုံးခဲ့တယ် .... ။

ပြုံးတတ်ခဲ့ပြီ

ပြုံးတတ်ခဲ့ပြီ
++++++


ကျွန်တော်
ပြုံး တတ် ခဲ့ ပြီ လေ
အ မုန်း ဆို တာ မှ
မ ဖက် ခြင် တော့ တာ
ပြုံး ပြုံး ၍ နေ တတ် ခဲ့ ပါ ပြီ

နှောင်းအတိတ် ကမ္ဘာလေးမှာဖြင့်
ဆောင်းအရိပ် အလှလေးတွေနဲ့
ခိုဝင်ကာ မှေးစက်ရစ်လေတော့
ညီမလေး ရေ ..
ငါ က အရာအားလုံးကို အရှုံးပေးခဲ့ပြီးသာပါလေ
ဘဝ နဲ့ ဆန္ဒ တထပ်ထဲ မကြသူတစ်ယောက်ရဲ့
ရင်ထဲက ဒဏ်ရာ တွေကိုတော့ ဖြင့်
ဘယ်သူမြင်လို့ ဘယ်သူသိနိင်ပါမလဲ .. ။ ။

တို့ တိုင်းပြည်


တို့ တိုင်းပြည်
+++++++

တို့ပြည် တို့ရွာ
ပြည်မြန်မာ က
စနစ်ရယ် ဆိုး
သခင်ဆိုး နှင့်
အုပ်ချူပ်နှစ်ပေါင်း
တာရှည်ဟောင်းလည်း
မလွှတ် အာဏာ
ခုံမင်စွာ ဖြင့်
ထောက်ထားမငဲ့
ရူးအားဖက်လို့
နှစ်ခြောက်ဆယ်ပင် ကျော်ခဲ့ပြီ .....

တို့ပြည် တို့ရွာ
ပြည်မြန်မာ က
စိမ်းလန်းစိုပြေ
တောတောင်မြေလည်း
ရောင်းစားအကုန်
လောဘဟုန်နဲ့
မြေပိုင်ရှိသူ
သိမ်းယူကုန်မို့
ဘဝမလဲ ဝဋ်ဆင်းရဲ .....

တို့ပြည် တို့ရွာ
ပြည်မြန်မာ က
ဘာသာရေးမှိုင်း
အလွန်ရိုင်းကာ
သိမ်ဖြို ကျောင်းသိမ်း
ထောင်ချထိမ်းရင်း
မျိုးချစ်စိတ်တွေ
ပြင်းပြနေလျှက်
သံဃာကိုပင် သတ်ရဲသည် ....

ယူလှည့်ပါ


ယူလှည့်ပါ
+++++

မျက်ရည်တွေ မြေခ ပြီမို့
အရွက်တွေ ဝေကျ သလို
သြော်
မောင့် အသက်ခန္ဓာပင် 
သေပြရအုံးမလား အချစ်ရယ် .....

ဘယ်ပြည်သူ မင်းဝင်စားပါလို့
မုန်းမီးတွေ လောင်မြိုက်သွင်းကာ
မောင်လိုလူ အချစ်သမားကို
သတ်စင်ပေါ် မင်း တင်ရက်ရင်လည်း
သြော်
လည်စင်းပေးပါမယ် အချစ်ရယ် .....

ဒဿလို အချစ်ကြီးပါလို့
လက္ခဏာနှယ် ပေးစပ်ကာရယ်
ရာမလို မေတ္တာ အချစ်တွေကိုဖြင့်
နင် မကြင် နင် ပြစ်ရက်ရင်လည်း
အချစ်ရယ်
ရင်ခွဲလို့ အသည်းကို ယူသွားကွယ် .....

မေ့ကာသွားပြီလား

မေ့ကာသွားပြီလား
++++++++++

အလွမ်းပြေ မလားရယ်လို့
နေ့တိုင်းပင် မျှော်မိပါရဲ့လေ

ဝေဒနာဒဏ် ကံသင့်သူ ရယ်က
ကြေငြာရန် မသင့်လေသမျှတော့
ရင်တွင်းကြေ ဆယ်နေကဲကိုဖြင့်
မာယာတွေ ဟန်ဆောင်ထိမ်းကာ
ပြုံးမျက်နှာဖြင့် နေပါမယ်

သြော်
သူတစ်ယောက်ကိုတော့လေ
လွမ်းမျက်ရည် မပေးတော့ပါဘူးလို့
သံယောဇဉ် မေတ္တာအနန္တကိုဖြင့်
အချစ်ရယ်
နင် မေ့ကာ မေ့ကာ သွားလေပြီလား .... &


ခံစားချက်အပိုင်းအစလေးများ (၁၀)




ခံစားချက်အပိုင်းအစလေးများ (၁၀)

++++++++++++++++++

သက်ပြင်းတွေ ကို
..... အကြိမ်ကြိမ် ချ လို့
မာနတွေ ကို
အခါခါ သတ်ဖူးတယ်
-----------------------------------------------------------

စိတ်အားငယ်
တစ်ယောက်ထဲ ပေမယ့်
အချစ်ရယ်
ငါ
ကျေနပ်လို့ နေတတ်ပေးပါတယ်
------------------------------------------------------------

အကြွေပန်းတွေက
......... တန်ဖိုးထားရင်
ရင်ဝကို စုံကန်တတ်ကြတယ်
ဆောင်းဝတ်မှုံ
လေပြေသွေးပါလို့
သူရိန်ရယ် 
ရောင်ဝါမလင်းပါတော့
သိပ်အေးသလား ခင် ....
------------------------------------------------------------

ဆွေးမကုန်
စာစီသ ရင်ဖြင့်
တူနှစ်ကိုယ်
မနီးနိင် သမျှရယ်တော့
ခင် ရယ်
ကျွမ်း လု ပြီ ကွယ် ...
-------------------------------------------------------------

ပြာဝေ မှောင်စင်း
နှင်း တွေတောင်မှ
ဖြာစင်း ခဲ့ပေမယ့်
ငါ့ ရင်ထဲမှာတော့
မြူ တွေလည်း မရှင်းပါလား
-------------------------------------------------------------

ရူးလောက်အောင်
...... ချစ်ခဲ့မိပြီမို့
ဒူးထောက်ကာ
လည်စင်းပေးရအုံးမလား နှင်း
-------------------------------------------------------------

အညာမြေ
တမာတွေ ကြွေရသလိုပ
ရင်တွင်းမြေ
ကဗျာတွေ ကြွေကျတာလဲ
မဆန်း မဆန်း တော့ပါဘူး မေ .... ။
--------------------------------------------------------------

ငါ့
အသည်း ကို ခြေဆေးဖို့အတွက်
သူတို့လေးတွေ လူဖြစ်ခဲ့လေသလား
ခဲ မှန် ဘူး တဲ့
စာ သူ ငယ် မို့
တိုက် ဆိုင် မှု့ တွေ
မြင် တိုင်း ရှိ တိုင်း
ငါ့
အ တွက် က တော့
အိပ် ပျက် ည ပဲ ချို ....
----------------------------------------------------------------

ရုပ် နာမ် ဘ ဝ တွေ နဲ့
ငါ သူ သ တ္တ ၀ါ တွေ က
အ ပုတ် ဟန် အ လှ တွေ ပါ တ ကား ။ ။
----------------------------------------------------------------

အတိတ်တွေကို
ပြန်မတွေးခြင်ဘူး နှင်း
မောင် တို့
အနာဂတ် တွေ ဝါးမှာကြောက်လို့
-----------------------------------------------------------------

မမုန်းသော အဖြစ်တွေနဲ့
မဆုံးသော အချစ်တွေဖြင့်
မောင် ချစ်ခဲ့တာပါ နှင်း ရယ်
-------------------------------------------------------------------

အသွား အပြန် ရှိတဲ့
မေတ္တာစစ် တွေမို့
အမှား အမှန် တော့
သတိရ ပေးပါကွယ်
------------------------------------------------------------------

မမုန်းသော အဖြစ်တွေနဲ့
မဆုံးသော အချစ်တွေဖြင့်
မောင် ချစ်ခဲ့တာပါ နှင်း ရယ်
------------------------------------------------------------------

အခက်ဖြာ
ရစ်သွယ်မပြေးပါနဲ့
တစ်သက်တာ
ချစ်ကာထွေးပါမယ်
မေတ္တာစစ် ကလေးပါကွယ်
-----------------------------------------------------------------

တမ်းကာသာတ
မောနွမ်းလျနဲ့
ရင်ဝယ်ဆူလှိုက်
ပူမီးမြိုက်ခါ
ဘဝင်ဖြာမော
အချစ်ဇောကြောင့်
သောကတောင်တန်း လွမ်းရောင်သန်း
-----------------------------------------------------------------

သူ မေ့ ပြီ လား
တစ် ကယ် တမ်း ဆို
ငါ သာ လွမ်း ရ
ချစ် မ ဝ ဖြင့်
နေ က ပင် မြင့် အ ရူး ရင့်
----------------------------------------------------------------

တပြည်သူ
မောင့် သက်ထားရယ်က
အခြေမတူ
ဘဝတွေခြားတာကြောင့်
သြော်
မောင် လိုလူ မျက်နှာမွဲကို
မုန်းလျှက်ရယ်သာ ထားခဲ့ပါ
----------------------------------------------------------------

ခဏ တာ
သာယာ ချစ်ကလေးတွေနဲ့
ဘဝ မှာ
အပျော်ချစ် သွားသူရေ
တစ်ခဏရဲ့ အချစ်တွေ မပေးပါနဲ့နော်
နင်
ထာဝရ ရဲ့ အချစ်နဲ့ ဝေးလိမ့်မယ်
-----------------------------------------------------------------

ကဗျာ မမှီ တဲ့ အဖြစ်
စာ မညီတဲ့ အနှစ် မို့
ငါ
စာ မသီ ရဲတော့ပါဘူး
အချစ်ရယ် ....
-----------------------------------------------------------------


                                            ဒီဇင်ဘာ ဆိုတော့လည်း

နှင်းတွေ ဝေမှာပေါ့လေ
ဒီနှစ်မှ
ထူးထူးခြားခြား ပိုများကြနေသလားလို့
အဖဘုရား သခင်အရိပ်အောက်မှာရော
နင်
အရမ်း ချမ်းနေမလား ညီမလေး ရယ်
--------------------------------------------------------------------------------
နှလုံးသား
တိုက်ပွဲတစ်ခုမှာ
အမုန်းများ
လိုက်ပွဲစုလျှင်တော့
အပြုံးများ
ကြွေပျက်သမျှကို
အရူံးသမားက

ရေစက်ချရင်း @}-;-'--
--------------------------------------------------------------------
ဘယ်လောက်ချစ်သလဲမမေးပါနဲ့တော့လားငါ့မနက်ဖန်တိုင်းဟာနင့်အပြုံးတစ်ပွင့်နဲ့အသက်ဆက်နေရလို့ပါ
--------------------------------------------------------------------------

ပကာသနာ မပါတဲ့
ငါ့
နှလုံးသား ဈာပန ပွဲမှာ
နင့်တို့တွေ မပါစေရဘူး ...
လိပ်ပြာ မလှသူတွေမို့
သိက္ခာ တွေလည်း မချတော့ဘူး
ယိုသူမရှက် မြင်သူရှက်တဲ့
ရှေ့စကားပုံက အလကားမှ မဟုတ်တာ
နင်တို့လို လူတွေအတွက်လေ ....
-------------------------------------------------------------------
ခေတ် ကိုက
ဓမ္မ ကို အဓမ္မ က အနိုင်ယူနိင်တဲ့ ခေတ်
စိတ်ချ
ခင်ဗျားတို့ ဘဝ အဆက်ဆက် ဒီထက်မဆိုးရင် ....
------------------------------------------------------------------

အသက်မှာ
၂၉ကျော်ပါလို့
၃၀ပင်ပြည့်တော့မယ်
နာမည်မှာ
လှိုင်မင်းခေါ်ပါလို့
မဒီကညာလေးတွေက
လူချောလေးလို့ပြောကြတယ်
ကျွန်တော်မှာ
နာမည်တွေ ကြီးပါလို့
လူကသာ မစွံသေးလေတော့
အလိုဗျာ
နောင်ချိန်ခါ ဒီပုံအတိုင်းဆို
ဖက်လုံးနှင့် ညား ... ။
---------------------------------------------------------------------------