ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

G G M U

G G M U 
+++++

ချီးခြောက်ကို ရေးမနူးကြေးသတဲ့လား
ပြောလိုက်တဲ့စကား နားခါးတယ်ကွယ် ....


သမိုင်းဆိုတာ ဖျောက်လို့ရကြေးလား
အသစ် အသစ်တွေ ပြောင်းပေမယ့်
အနှစ် အနှစ်တွေနဲ့ ရှိနေတာက
မင်းတို့ ငါတို့တွေ ရဲ့ အတိတ်သမိုင်းပါ ...

ပွဲမပြီးခင် ထမပြန်နဲ့ဟေ့ ဆိုတာ
ကမ္ဘာမှာ မန်ယူ တစ်သင်းပဲရှိတယ်
ကစားကွက်တွေ ကောင်းနေလို့လား
ဟအင်း .. မဟုတ်ရပါဘူးလေ
စည်းလုံးမှု့ကို အခြေတည်လို့
သဌ္ဓေတည်ကာ ဖြစ်လာတာက
အနိုင်မခံအရှုံးမပေးဆိုတဲ့ စိတ်ဓါတ်ခွန်အားပါ ...

မော် ရောက်မှ ထောင်လွှားတဲ့ ချဲလ်ဆီးလို့
တို့အသင်းက မတောက်ကြွား ပါဘူး
ဖလား ဆိုတာ မမြင်ဘူးပေမယ့်
ရရင်တောင် အပျော်မြူးမယ်ဆိုတဲ့
ဝင်းဂါး ရဲ့ ဂန်းနားတွေလို့
တို့အသင်းက မလှပ ပါဘူး
သမိုင်းမှာ တူလာခဲ့ပေမယ့်
ဖလားဆို EPL မမြင်တာကြာတဲ့
အဝါရောင်လိုလည်း အရောင်မပြောင်ပါဘူး
နှစ်၅၀မှာ ဖလားရ ဟုတ်ပြီကွ ဆိုတဲ့
မြို့ခံပြိုင်ဖက်လိုလည်း မထယ်ဝါပါဘူးကွယ် ....

ကိုယ်နေရာကိုယ်နေ ကိုယ်အသင်းကိုအားပေးလို့
တို့ အနီရောင်တပ်သားတွေ နေလာခဲ့ကြတာပါ
သူရှုံးရင် ငို သူနိင်ရင် ပျော်လို့
တို့မှာလေ မင်းတို့အသင်းတွေကို
ယောင်လိုတောင် စိတ်မဝင်စားခဲ့ပါဘူး
တို့အသင်းနိင်လည်းအော် ရှုံးလည်းပျော်လို့
ကိုယ်အသင်းကိုယ်မချစ်ကြပါပဲ
တို့အသင်းကို ကျိတ်များ ချစ်နေကြသလား ....

မတည်မြဲတဲ့ လောကကြီးမှာ
အရှုံး နဲ့ အနိင် ဆိုတာကတော့
ဓွန်တွဲနေတာပါပဲ သူငယ်ချင်းတို့ရယ်
ရောက်နေတဲ့ နေရာမှာ မြဲနေအောင်သာ
မင်းတို့ မင်းတို့ အသင်းတွေ ကိုင်ထားကြ
လှေခွပ်ကြီးကျန် အလံဘယ်မလှဲဆိုတဲ့
အားပေးသံ ခွန်အားတွေနဲ့အတူ
တို့သရဲနီတွေ နိုးထလာခဲ့ပြီလေ
ပုဝါမကူ ရေမရူကြေးပေါ့ကွာ ။ ။


No comments:

Post a Comment