ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

ရင် ထဲ က နွယ်

ရင် ထဲ က နွယ်
××++++××




တိတ်တခိုး နဲ့
လူသိမှာ စိုးတာကြောင့်
ရင်ထဲက နွယ် လို့ပဲခေါ်မယ်ကွယ် ....

တွယ်တာသော အမြစ် မှ
မမုန်းသော အဖြစ်ရယ်နဲ့
ဩော်
မဆုံးသော အချစ်ပါ နွယ် ....

သမုဒယ ဆိုသော ချစ်ကြိုး တစ်မျှင်
သည်ရင်ကို ဝင်လာတိုးလေမှတော့
အပူမီးရယ် လို့ အယူသည်းကာလည်း
မတွေး ... မတွေး ချင်တော့ပါဘူး နွယ် ...

ဘဝ ရဲ့ ချစ်ခရီးလမ်းမှာ
သောကတွေ ထပ်တလဲလဲနဲ့
မောဟပွေ ဒီငမိုက်သားကိုမှဖြင့်
မေတ္တာတွေ ဝေကာမျှရင်တော့
တစ်သက်တာ လက်ဆောင်အဖြစ်ရယ်နဲ့
ယူပါရစေ ထာဝရပေါ့ နွယ် ..... ။ ။

No comments:

Post a Comment