ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

ဝါ ကျွတ် အ လွမ်း



ဝါ ကျွတ် အ လွမ်း 
--/\----/\----/\--

မဖြေသာ
ဝေဒနာ မျက်ရည်စတွေနဲ့
ဒီကဗျာကို သီကုံးလိုက်ပါတယ်
အဖေ ။

ရက် ကို လ စား လို့
နှစ်တွေပင် ပြောင်းခဲ့ပေမယ့်
မရိုးနိင် ရိုးရာဓလေ့တွေနဲ့
သိမ့်မွေ့ ယဉ်ကျေးသောလေ
ဝါကျွတ်ကာလ ကို ရောက်ခဲ့ပါပြီ
အဖေ ။

ကြီးသူတွေကို ကန့်တော့ကြလို့
မှားတာတွေကို ဝန်ချရင်း
ကံသုံးပါးကို ထိခြင်းငါးပါးနဲ့
မိဘတွေကို ပူဇော်ရတော့မယ်
အဖေ ။

သားတို့ သားမီးတို့ စုံလင်စွာရှိပေမယ့်
အမေ့ဘေးမှာတော့ ကွက်လပ်ကလေး
ကန့်တော့သာ နေကြသော်လည်း
နှလုံးသားမှာ မျက်ရည်တွေ ရွှဲနေရဲ့
စေားလွန်တယ် ဖေဖေ ရယ်
အဖေ မပါတဲ့ ဝါကျွတ်ပွဲ
သုံးနှစ်တောင် ရောက်ခဲ့ပြီပေါ့
အဖေ နေများကောင်းရဲ့လား
အဖေ များမြင်လို့ နေမလား
အဖေ ငိုများငိုနေမလား
ပြုသမျှအခြေ ကုသလ ဝေရင်း
ရောက်ရာအရပ်က သာဓုခေါ်ပါ
အဖေ ။ ။

No comments:

Post a Comment