
နှလုံသား ကဗျာ
++++++++
မိုး ရေ
မောင်က မင်းရဲ့ အင်ပါရာ တစ်ခုမဟုတ်တောင်
နေမဝင်အချစ်တွေနဲ့ မင်းအပါးမှာ ရှိနေပါရစေ
မိုး ရေ
မောင်က မင်းရဲ့ အရိပ်စစ် တစ်ခုမဟုတ်တောင်
ထီး ကလေးအဖြစ်နဲ့ မင်းအပါးမှာ ရှိနေပါရစေ
မိုး ရေ
မောင်က မင်းရဲ့ နေမင်းကြီး တစ်ခုမဟုတ်တောင်
လမင်း အဖြစ်နဲ့ မင်းအပါးမှာ အေးမြမှု့တွေပေးပါရစေ
မိုး ရေ
မောင်က မင်းရဲ့ ချစ်သူ တစ်ယောက်မဖြစ်ခဲ့ရင်တောင်
ရှေဆောင်လမ်းပြခဲ့တဲ့ ကြယ်တစ်ပွင့်တော့ ဖြစ်ပါရစေ
မိုး ရေ
မောင်က မင်းရဲ့ အချိန်တိုင်းသတိရတဲ့သူ မဖြစ်ခဲ့ရင်တောင်
တိုက်ဆိုင်မှု့ရှိတိုင်း သတိရတဲ့သူတော့ ဖြစ်ပါရစေ
မိုး ရေ
မောင်က မင်းရဲ့ တောင်ပတဲ့ အလင်းရောင်မဖြစ်ချင်နေပါ
မင်းအပါးမှာ ဖယောင်းတိုင်းလေးတော့ ဖြစ်ပါရစေ
မိုး ရေ
မောင်က မင်းရဲ့ အချစ်ဦးတစ်ယောက် မဟုတ်ခဲ့ရင်တောင်
အချစ်ဆုံးလူသားအဖြစ်တော့ မင်းအပါးမှာ ရှင်သန်ပါရစေ
မြေထု ကို သက်သေပြု မှန်သော ဆု ကတော့
မောင် မင်း ကို အရမ်းချစ်ပါတယ် မိုး ရယ် ။ ။
No comments:
Post a Comment