+++++++
မချစ်ခင်
အပြစ်မြင် တမင် စိမ်းပြီဆိုမှတော့
ဩော်
မုန်းလိုက်ပေါ့ အချစ်ရယ် ။
ဝေသန္ဒရာ မင်းတောင်မှ
ပေးဆပ်မယ် ပါရမီချစ်ခြင်းတွေနဲ့
အသက်ကိုတောင် မငဲ့ကွက်ခဲ့ပါဘူး
အချစ်ရယ် ။
ဆဒ္ဒန်ရယ် ဆင်မင်း ဇတ်မှာလည်း
ခါချဉ်ကောင် အပူမီးကြောင့်
သုဘဒ္ဒါ မုန်းမီးတွေပျိုလေတော့
အသက်ကိုတောင် စတေးပြသေးတာပဲ
အချစ်ရယ် ။
မပိုင်ဆိုင် မနမ်းရိုက်ရပေမယ့်
မေ့ ရင်မှာ နာကျင်မျက်စေဖို့
ချစ်သက်သေ ခြေရာကလေးတွေလည်း
ကျွန်တော်မျိုး မထားဝံ့ခဲ့ပါဘူးလေ
စိတ်တေလေ နွေကန္တာရပေမယ့်
မေတ္တာရှင် သူ့ ခုံရုံးမှာ
အယူခံတောင် မဝင်ရဲသူမို့
အချစ်ရေ
မကျေနပ်ရင် လည်စင်းကာ ပေးပါမယ်
အသေများသာ သတ်ခဲ့ပါတော့ကွယ် ။ ။

No comments:
Post a Comment