ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

မ ဖြေ သာ ဘူး

မ ဖြေ သာ ဘူး
××××××××


မဖြေသာဘူး 
........................ ညီမလေးရေ
ဝေဒနာတွေနဲ့
ရူးရင်လည်း ရူးပါစေတော့
ညီမလေးရယ် .......

တွေမိတိုင်းမှာလည်း
မျက်ရည်ဆိုတာတွေက
ဝိုင်းနေတော့ အခက်သား
ညီမလေးရယ် .......

တွေ့ဆုံကြုံကွဲ ဘဝဝဲမှ
ခဏပဲလာ သိပ်မကြာနဲ့
ချန်ထားကျန်ရစ် အကို တို့အဖြစ်က
မျက်ရည်မိုးဖြာ ရင်ကွဲစွာပေါ့ ....
လာပါမခေါ် သွားတော့မနှင်
ကံကြမ္မာဆိုး ဘယ်အငြိုးကြောင့်
ဝေဒနာဆိုး ညီမ တိုးလဲ(လည်း)
မဖြေသာဘူး
ကိုကို ချစ်တဲ့ ........ ညီမလေးရယ် ။ ။

No comments:

Post a Comment