
မိသဲညှာ သို့
++++++
မပြေပါ
မဖြေသာ ဝေဒနာတေးရယ်နဲ့
ရင်ကွဲနာ ဆိုတဲ့ ကဗျာတစ်ပုဒ်ကို
ငါ သီထုတ်ခဲ့ပါတယ် မိသဲညှာ ....
အချစ်ညှာ ပလီကာ
သစ္စာမရှိ လို့ မဟုတ်ရပါပဲ
အလျား အနံ ရှိရင်တော့
အသွား အပြန် ရှိတယ်ဆိုတဲ့
မေတ္တာ တရားတွေ မှ
မညီမျှတာပဲ မိသဲညှာ
အသည်းခြင်းညီလို့ ဖြူတဲ့ပွဲမှာ
ငါ ဟာ နင့် အတွက်
ငမိုက်သာ တစ်ယောက်ပါ မိသဲညှာ
မိုးခေါင်လို့ ရေရှားတဲ့ အရပ် မှာ
ငါ လွန် မဆွဲ ချင်တော့ပါဘူးဟယ်
ဖြစ်သမျှအကြောင်း အကောင်းပေါ့
မှန်တယ်ထင်လို့ လုပ်ကြကြေးဆို
တစ်ယောက်စကား တစ်ယောက် နား မှာ
နားထောင်ဖို့မှ မလိုတော့တာပဲ
နင် လမ်း ကို နင် လျှောက် ပါ
ငါ့ လမ်း ကို ငါ လျှောက် ပါ မယ် လေ
ဘယ်သူမပြု မိမိအမှု့ဆိုတော့
ကံ ကံရဲ့ အကျိုး တစ်ခုလား
ကံဆိုးမသွားရာ မိုးလိုက်ရွာနေမှဖြင့်
အချစ်စစ်ဆိုတာ အနုအလှကို
ငါ သမုဒယ တွေနဲ့ လည်း
ချုပ်နှောင် မဖွဲ့စည်းချင်တော့ပါဘူးကွယ်
ပေးတိုင်း ပြန်ရတာ အချစ်မမြည်မှတော့
မိသဲညှာ ရေ
သွား လမ်း သာ လို့ လာ လမ်း ဖြောင့် စေ
အေးစေ မွှေးစေ ငြိမ်းစေ ကွယ် ။ ။
No comments:
Post a Comment