
ရွှေမန်းသူ သို့ လွမ်းကဗျာ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
မုန်းတော်ပြေ လင်္ကာတေးရယ်နဲ့
ချစ်သက်သေ အပူ မပေးပါလို့
သွေးခွာမပြေးတဲ့ ချစ်သဲရေ .....
မဖြေသာ
ဝေဒနာ မောင့်အလွမ်းတွေက
ခြေရာသာ ကောက် စတမ်းဆို
အလွမ်းနာ မျက်ရည်စတွေကဖြင့်
ဩော် ...
ကုဋေကုဋာ တစ်သန်းပေါ့ကွယ် ....
ဘုံဘဝမှာ ဆုံကြပါလို့
နေမဝင် အချစ်ဖြင့် ရင်မှာထား
သစ္စာ မေတ္တာ တရား ကတော့
မိုး မြေ အလား ပေါ့ အချစ်ရယ် ....
တူနှစ်ကိုယ် မဆုံကြသေးပေမယ့်
တွဲလက်တွေ မြဲပြခဲ့သူမို့
တစ်မိုးအောက်မှာ မဖောက်လွဲ
မောင် လေ
ချစ် တစ်ယောက်အတွက်ပဲ ဖြစ်ပါမယ် ....
လွမ်တယ် အချစ်ရယ်
အလင်းနစ်ထက် မြန်တဲ့
အကြင်နာတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ပေါ့
No comments:
Post a Comment