ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

လက်ပံပွင့် ကောက် ချိန်



လက်ပံပွင့် ကောက် ချိန်
-*-*-*-*-*-*-*-*-*-*

အဆင်းမှာ 
အနီရောင် သန်းပါလို့
အနံ့မှာ သူမမွှေးပေမယ့်
ပင်လုံးထိန် အလွန်လှတယ်
တွေး ကြည့် စမ်း ကွယ် ...။

ပွင့်ဖက်ရယ် နဖားလန်
အကိုင်းမှာ ဇရက် တညံညံနဲ့
သာရကာ လွန်ပျော်မြူးတာမို့
တစ်ခွဲဝင် ထန်းတောင်းရယ်နှင့်
ပေါင်းလံအောင် အတူကောက်မယ်
သွား ကြ စို့ ကွယ် ...။

အပွင့်ကို အခြောက်လှမ်းလို့
သုတ်ခါပင် စားအုံးမလား
သားရေ ခြောက်နဲ့ အမဲ နံ
သူနဲ့သာ ကျိုရလျှင်တော့
အချိန်ကုန် မွကာပြောင်းတာမို့
ထမင်းပူ ဟင်းချိုလေးရယ်နှင့်
မြိန် လှ တယ် လေး ..... ။ ။

No comments:

Post a Comment