ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

သူ ပျော်မယ်ဆို

သူ ပျော်မယ်ဆို
++++++++




သူ 
..... ခူး ခြွေဖို့ အတွက်

ကျွန်တော်
ပန်း တစ်ပွင့် ဖြစ်ပါရစေ ။

သူ
..... ပျော် မြူးဖို့ အတွက်
ကျွန်တော်
အဖော် ရူး ဖြစ်ပါရစေ ။

သူ
..... နင်း လျှောက်ဖို့ အတွက်
ကျွန်တော်
နှလုံးသား တံတား ဖြစ်ပါရစေ ။

ခူး ပါ ၊ နင်း ပါ ၊ မြူး ပါ
ဘဝ အဖော် မဖြစ်ခဲ့လို့
ခဏ လှော် ချစ်ရင်လည်း
ငါ့ မျက်ရည် စတွေနဲ့
မင်း
ခြေ ဆေးခဲ့ပေးပါလေ ။ ။

No comments:

Post a Comment