ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

သခင် မြင်လို့ သိစေ ချင်


သခင် မြင်လို့ သိစေ ချင်
=+=+=+=+=+=+

နေ ခြည် ဖြာ နွေး
လေပြေသွေးလျက် တိုးဝှေ့ဖွဲ့နှောင်
ပုံရိပ်ယောင်ကြောင့် ဖြောက်ဖြောက်ကြွေဟန်
သစ်ရွက်သံလား ခြေသံလားနဲ့
လေပူတိုးမိ မောင်နွမ်းချည့်ကာ
ဝေမိဝေရာ မျက်ရည်ဖြာ ။

နွေ မှ မိုး ဆောင်း
နှစ်တွေပြောင်းလို့ ကာလရင့်ရော်
စိတ်မပျော်တော့ တစ်ယောက်ထဲသာ
ကစင့်ကလျား ပြန့်ကျဲပွားနဲ့
ဝိုးဝါးထွေထွေ မျက်ရည်ဆွေ ။

အိမ်မက်စိတ်ကူး လွန်ပျော်မြူးရင်း
ကြည်နူးခဏ တဒင်္ဂ၌
ကျိုးပျက်အတောင် ငှက်ပုံဆောင်လို့
မိုက်မိုက်မှောင်တွင်း မောင့်ရင်တွင်းဝယ်
စိမ့်စိမ့်ယိုဖိတ် အချစ်စိတ် ။

ချစ်လျှင်မမုန်း ဖွဲ့နှောင်ထုံးရင်း
အရှုံးပေးကာ မေတ္တာငတ်နေ
မောင့် ဘဝအခြေကို 
သခင် မြင်လို့ သိစေ ချင် ။ ။

No comments:

Post a Comment