ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

မငို ပါ နဲ့ ညီမလေး ရယ်

မငို ပါ နဲ့ ညီမလေး ရယ်
++++++++++++

ညီမလေး ရေ
နင့် ပုံကို မြင်ရယုံနဲ့
ဘဝင်နှလုံးမှာ လွန်ရွှင်မပြုံးဘူးကွယ်
ညီမလေး ရေ
ခေတ်ဆိုး အရှင်ဆိုး တွေမှာမှ
လူဖြစ်လာရ တို့များဘဝက
အမှန် လည်း မှား မမှားလည်း မှား
ညီမလေး ရေ
ကျောချမှ ဓမြ မှန်းမသိသူတွေကလည်း
ဒု နဲ့ ဒေး
ခရိုနီ ခရိုဝါ ခရိုပြာ တရုတ်တွေနဲ့
အကြံသမား တစ်စုကတော့
ခုချိန်ထိ
အာဏာတွေ ရူးနေကြတုန်း
ဂုတ်သွေးတွေ စုတ်ကောင်းနေတုန်း
ယောက်ကျားရင့်မာကြီးတွေကိုမ
အားနွဲ့တဲ့ ညီမလိုမိန်းမငယ် က
ပြန်ပေးတောင် ဆွဲလို့ရသတဲ့လား
ဒါဆိုရင်တော့ ညီမလေး ရေ
အကိုတို့ ယောက်ကျားလေးတွေ
မဒိန်းအကျင့် မခံရအောင်လို့
အစိုးရက ကာကွယ်လိုက်တာပေါ့နော်
ဩော်
တစ်သက် တကျွန်း တဲ့
ညီမလေး ရေ
ညီခြင်ပါတယ် သား သုံး သား နဲ့
တစ်နိင်ငံ လုံးကိုရောပေါ့
စနစ်ဆိုး အရှင်ဆိုးတွေကို
ကျူ ပင် ခုတ် ကျူ ငုတ် တောင်
မကျန်ရအောင် ပေါ့ ညီမလေး ရယ်
ညီမလေး ရေ
နင် အားငယ်နေမှာ ပဲနော်
ပုံတော်ကို ဂုဏ်တော်လို့ မမှတ်ယူပဲ
နှလုံးသား မှာ ဘုရားတည် ရင်း
ကိုယ်အပူ ကိုယ်ငြိမ်းနေပါတော့
မဝေးတော့ပါဘူး လေ
အကိုတို့ ပြည်သူတွေ
စိတ်မချမ်းသာ လွန်းလို့ပါ
ပြောကြမှာပေါ့ ကျွဲပါးစောင်းတီးနဲ့
ဟို လူ တစ်စု တွေကတော့
လူတွင်ကျယ် လုပ်ချင်တာ ခံပေါ့လို့
နင် မငို ပါ နဲ့ ညီမလေး ရယ်
မငို ပါ နဲ့
.......................... မငို ပါ နဲ့ ။ ။


No comments:

Post a Comment