ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, December 7, 2014

အိမ် မက် တစ် ခု ရဲ့ ပြ ဇတ် တစ် ပုဒ် ပါ မောင်

အိမ် မက် တစ် ခု ရဲ့ ပြ ဇတ် တစ် ပုဒ် ပါ မောင်
x+x+x+x+x+x+x+x+x+x+x+x+x+x+

မဆုံနိင် ဝေးကွာခဲ့ကြလို့
ကြွေကျ မြေခ ခဲ့ရသော
အသည်းနှလုံး တစ်စုံဆီက
ငိုကြွေးခြင်း ရှိုက်သံရဲ့
ဝေဒနာ သီချင်းတွေက
ခုချိန်မှာ တော့
ပျားရည်တစ်စက်လောက်တောင်
မချိုမြိန်တော့ပါဘူး မောင် ....

ဂုဏ် ပကာသန ဒြပ်ဝတ္ထုတွေ
ခုံမင်ကာ မမက်မောခဲ့ကြပေမယ့်
ထားခဲ့ကြ နှစ်ဦးသားရဲ့ မေတ္တာကို
သစ္စာအချစ်နဲ့ အရင်းတည်ရင်း
ယုံကြည်ခြင်းဆိုသော ကတိတွေက
ခုချိန်မှာ တော့
ဂျင်းစိမ်းနဲ့ မိတ်သလင်လို
ခပ်စိမ်းစိမ်ပါလား မောင် ....

သမုဒယ နဲ့ အခြေတည် ရင်း
သံယောဇဉ် ချည်နှောင်တင်းကာမှ
ပေါင်းရန်ခက်သော အချစ်ဦးဆိုတာက
လောကရဲ့ နိယာမ တစ်ခုလား
လွမ်းအောက်မေ့ နာကျင်အသဲတွေနဲ့
ရူးမတတ်အောင် ကိုယ်စီခံစားကြရင်း
ကမ်းလင့်လို့ မရသော လက်တစ်စုံဆီက
ကြေကွဲခြင်း အတိတ်ညနေခင်းတွေကတော့
အိမ်မက်တစ်ခုရဲ့ ပြဇတ် တစ်ပုဒ်လား မောင် .... ။ ။


No comments:

Post a Comment