
သူငယ်ချင်း ပေးတဲ့ ကဗျာ
--------------------------
ပြောလက်စ စကားတွေမကုန်ခင်
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင်
ငါတို့တွေ ဝေးဝေးသွား…။
သူငယ်ချင်းရေ …
ကျန်းမာရေးဂရုစိုက်ပါ
နွေးနွေးထွေးထွေးနေပါ
အစားအသောက်ဆင်ခြင်ပါ။
မင်းအားငယ်နေတဲ့အခါ
ငါပြောဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေ
မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်
မင်း
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။
ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေ
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။
မင်းနဲ့ငါက
ခဏလေးဝေးတာပါ
ငါ့ရင်မှာလည်း
ချစ်ဖို့ကောင်းတဲ့
သူငယ်ချင်းလေးရှိနေရဲ့လေ။
တစ်ခါတစ်ခါ
သံယောဇဉ်တွေကိုစည်းကမ်းပိုပ
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ
လျှော့သွားမှာမဟုတ်ပါဘူးကွာ
ငါက ၂၄ နာရီပတ်လုံး
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတေ
ငါ့လည်ချောင်းတွေလည်းကွဲရှေ
ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလ
သူငယ်ချင်း
ငါ့နံနက်ခင်းတိုင်းမှာမင်းရ
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ
မင်းယုံကြည်ပါ။
ငါ့ကိုခွှင့်လွှတ်ပါ...
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်
သွားမှာသာသွားပါ
မင်းစိတ်ချလက်ချသွားပါ
မင်းကျောခိုင်းခဲ့တဲ့အရပ်ကေ
မင်းကျောပြင်ကိုငေးရင်း
ငါမင်းအတွက်ဆုတောင်းပေးနေမယ
မင်းခြေချတဲ့အရပ်မှာ
မင်းခြေထောက်ကိုအောင်မြင်မှု
အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ...
တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါ
အဆင်သင့်ကြိုဖွင့်ထားပါစေ..
အဲ့ဒီလိုနဲ့ငါတို့
ပြောလက်စစကားတွေမကုန်ခမ်းခင
ရေးလက်စ စာကြောင်းတွေမဆုံးခင်။
လိုက်ကာက ကျလုပြီ
ဆည်းဆာကခမ်းလုပြီ..
မင်းကျောခိုင်းမဲ့ဟော့ဒီအရပ
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်း
မင်းကိုစိတ်ချလိုက်ပါရစေဆို
အကြင်နာမျက်ဝန်းပေါင်းများစ
သူငယ်ချင်းရေ…..
မင်းကိုငါ နှုတ်မဆက်တော့ဘူး။
ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မ
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်
အပြုံးတွေဖလှယ်။
မင်းကိုငါဘယ်လောက်လွမ်းကြော
ငါ့ကိုမင်းဘယ်လောက်သတိရကြော
အဲ့ဒီလိုပေါင်းခံရင်း...
ပခုံးချင်းဖက်ရင်း
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို
မင်းနဲ့အတူတူ
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။
* အိမ် ချမ်းမြေ့ *
No comments:
Post a Comment