ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

မုန်းပင်ကို ပျိုး

မုန်းပင်ကို ပျိုး
+++++++




အရှက်ပြေ မျက်ရည် စတွေနဲ့
.............. သက်သေတွေ 

ချပြမနေပါနဲ့တော့လား ခင် ....
ရွက်ကြွေ ဘဝမှာတောင်
..... အခက်တွေ ဝေမပြပါပဲ
ပန်းချိုးသူလို့ စွဲရက်လေသလား ခင် ....

မတော်တာ ကြံစမိကာ
ဟို ... ဘုရင် နော်ရထာ လို
မျက်မာန်ရှ ခံရမှာ သိသူက
အဖူး ကို မှ မခြွေ
အငုံ ကို မှ မနမ်း ရပါပဲ
လေ သရမ်းယုံနဲ့ ကြွေလွင့်တဲ့ ပန်းက
ဘယ် အတွက်ကြောင့်များ
မုန်းစိတ်ဝင်လို့ မုန်းပင်ပျိုးရက်လေသလဲ ကွယ် ။

No comments:

Post a Comment