ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

သတိရတယ် ညီမလေးရယ်



သတိရတယ် ညီမလေးရယ်
××++××++××++××

ညီမလေးရေ
သတိရတဲ့ နေ့တိုင်းမှာ

ညီမလေး wall ကို
ဝင် ကြည့်မိသေးတယ်

မြူ တွေ ရှင်း ပါ လျှက်
ကြယ် တွေလည်း မလင်း
လရောင် လည်း မဖြာ
ဘယ်ကြမ္မာဆိုးကြောင့်များ
တိမ်မည်း တွေကဖုံးလေသလဲ
ကိုကို ချစ်တဲ့ ညီမငယ်လေး ရယ် ...

ကောင်းကင်မှာ ရေကြီး
မြေကြီးမှာ လ သာ
ကလေးကလား စကားတွေလည်း
မပြော မပြော လိုပါဘူးကွယ်
ခဏတာ ဖေ့ဘုတ်မှာ ဆုံခဲ့ကြပေမယ့်
တဘဝစာ အလွမ်းတွေပေးသွားရက်လေသလား
ကိုကို ချစ်တဲ့ ညီမငယ်လေး ရယ် .....

အသိ နဲ့ သတိ ကို ကပ်
မကွေးသော လက်တွေဖြောင့်ဖြောင့်ထား
အားမတန် မာန်မလျော့လိုက်ပါနဲ့
သေမင်း ဆိုတာကတော့
မလွန်ဆန်နိင်တဲ့ တရားပါ
ဒါပေမယ့် ဒါပေမယ့်
စော စော လွန်းတယ် ညီမလေးရယ် ....

ကိုကို လက်ရာတွေ တစ်ဝကြီး
ချက် ကျွေးချင်သေးတယ်ဟာ
စိတ်အစဉ် အမြဲတော့ပေမဲ့
အရိပ်အသွင် မြင်နေစဲပါပဲ
ကိုကို ချစ်တဲ့ ညီမငယ်လေး ရယ် ။ ။

No comments:

Post a Comment