ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

မှတ်ထား အွန်လိုင်း



မှတ်ထား အွန်လိုင်း
++++++++++

အမြင် မတော်လို့ပါကွယ်
စင်ပေါ်မှာ အသာရသလိုပ


ပြာကျရင် ဘာမှမရတဲ့ ဒီခန္ဓာရယ်
ဩော်
အပုတ်ကောင် ရုပ်ဆောင်ကာ
ထားတာခြင်းရယ် တူကြပေမယ့်
လည်ဟိုက်ကာ ရင်ကိုခွဲပါလို့
sex ပုံတွေ တင်လေသမျှတော့
အလိုဗျာ
ကျူပ်တို့လို ကျားတွေမှာ
ကိုတဏှာ သိပ်ကိုမြူးတယ်
ထပ်ရိုက်ပြစမ်း ။

အွန်လိုင်းမှာ အဖော်ချွတ်တွေနဲ့
သင်းတို့တွေ like လိုချင်သလား
ချက်ဘောက်မှ မကောင်းတာပို့မှ
ပိတ်တွေမှာ ကိုယ့်ပုံရောက်မှ
မျက်ရည်တွေ စမ်းစမ်းကျလို့
သက်သေတွေ ပြကာဖြင့်လေ
အရှက်ပြေရယ် ငိုကြအုံးမလား

နောင်တတွေ ရင်မှာ မပိုက်နဲ့
မြန်မာမှန် ငါးပိကို မမေ့နဲ့
မိန်းမမှန် သနပ်ခါးကို မမေ့နဲ့
ရုပ်တွေရယ် သေအောင်လှစေ
စိတ်တွေရယ် မဖြူသမျှတော့
နင်တို့တွေ လေ
နာမည်တွေ တော်တော်ပျက်မယ်
မှတ်ဟဲ့ အွန်လိုင်း ။ ။ 

No comments:

Post a Comment