ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

သက်သေပြဖို့ လိုမလား



သက်သေ ပြဖို့အတွက်
မောင့် မျက်ရည်စတွေ
လိုလိမ့်အုံးမလား ဖြူ ရယ် .....

သံသရာ ဘဝဝဲမှာမှ
မောင်တို့ တတွေကို
ကံကြမ္မာ ရထားက
ခွဲရက်လေသလား ဖြူ ရယ် .....

ရက်အချိန် လည်း မရှိ
ပြက္ခဒိန် လည်း မသိ
မအို သော အဖြစ်နဲ့မှ
ချိုသော အချစ်တွေပါ ဖြူ ရယ် .....

နေချင်တယ် မင်း အပါးပေမယ့်
နွယ်ပင်လို တွယ်ငင် စိမ်းလေသမျှတော့
(အချစ်ရေ)
မောင်တို့တွေ
တစ်နေ့ထက် တစ်နေ့ ဝေး ။ ။

No comments:

Post a Comment