ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

ပင်ပမ်းနေပြီလား အမေ


ပင်ပမ်းနေပြီလား အမေ
++++++++++++

အမေ ပင်ပမ်းလို့ နူံးချိကာ
အားအင်တွေ လျော့နေပြီလား

မလျော့လိုက်ပါနဲ့ အမေ ရယ် ...

ဒီမူ နဲ့ ဒီလူရယ် ဒီအစိုးရပင်
အုပ်ချူပ် နေသမျှတော့
မြေပေါ်လည်း ကုန်ပါလို့
ရေအောက်ပင် မကျန်တော့ပါဘူး

နိင်ငံရေးကို ဘာသာရေးနဲ့ ခုတုံးလုပ်
မဟုတ်မှန် လုပ်ကြံဇတ်ခင်းတာလည်း
သူတို့ သူတို့ပါပဲ အမေ ရယ်

အမြင်တွေဝါး အသိတွေမှားလို့
အမေ မှာ ကုလားမယားလို့တောင်
သမုတ်ခံခဲ့ ရသေးတယ်နော်

အားမတန်လို့ မာန်မလျော့ပါနဲ့အုံး
အမေ့နောက်မှာ ထောက်ခံသူတွေ
အို ... များပါသေးတယ် အမေ ရယ်

ဘယ်နိင်ငံ သွာသွား အမေ က
ခေါင်းမော့်ကာ ဝင့်ကြွာနိင်ပေမယ့်
သားတို့ သန်း၆၀ကျော်ကိုတော့
ပြစ်မထား ပြစ်မထားခဲ့ပါနဲ့ ဗျာ

မတန် မှန်းသိပေမယ့်
ကုန်းကောက်စရာ မရှိတဲ့ နိင်ငံကိုမှ
အမေချစ်လေ နစ်လေပဲပေါ့နော်

အမြင်မတူသူတွေ သွားကြပါစေ
အကြိုက်မတူသူတွေ စော်ကားပါစေ
အပြုံးမပျက် အမုန်းမဖတ်တာတော့
လေးစားမိတယ် ဒုတိယ အမေရယ်
အမေ့နေရာ မှာ သူတို့ဆို ဘာတွေလုပ်မလဲ
ဥာဏ်တစ်ထွာ တစ်မိုက်ရယ်နဲ့
ထမင်းဝတော့ ပြန်ကိုက်တတ်တာ
သဘာဝတစ်ခုတဲ့လား အမေ ရယ်

ရှိစေတော့ အမေ ရေ
အနေ မကြာတော့ပေမယ့်
အမေဟာ ထာဝရ ဗေဒါပါ
သမ္မတ ဖြစ်ချင်တာထက်
ပြည်သူတွေကို ကယ်တင်တာလား
သူတို့ သူတို့ မသိတော့ဘူး အမေ

အမေ သမ္မတ ဖြစ်လို့
မွတ်နိင်ငံ ဖြစ်မယ်ဆိုတာတော့
ရေပေါ်မှာ အရုပ်ရေး
လေထဲမှာ တိုက်အိမ်ဆောက်
ဘယ်သူသေသေ ငတေမာပြီးရော
လူသားတွေ ဖြစ်မယ် ထင်မိတယ်
အမေ ရယ် ။ ။

No comments:

Post a Comment