ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

သ ခင်



သ ခင်
+++

အလှထူးတဲ့ ပျိုမေရယ်
ခွဲကာလေ မပြေးပါနဲ့
ခက်ဖြာတွယ် ရစ်မူးပြီမို့
ဝါးဝါး စွံ့စွံ့ ကြွားလင့်လင့်ဖြင့်
ဖူးငုံဝေဖြာ ဆင်းရုပ်လွှာကို
မျှော်ငေးထောက်ရူ့ ချစ်အားစုတော့
ဝလာဗွေစိုင်း ရင်တံတိုင်းမယ်
လှုပ်ရှားပြေးလွှား ဒီရေ အလား ။

မျက်ဝန်းမှညို လှမျိုးထိုက
ပုလဲခသီ နှိုင်းမမှီမို့
လှခေါင်တင့်ဆန်း ပွင့်သောပန်းကို
နူတ်တစ်ရာရယ် စာတစ်လုံးဖြင့်
မေတ္တာတွေကို မောင်သီကုံးရင်
မျက်မာန်တော် မရှလိုက်ပါနဲ့
သခင် ........
မုန်းသွားမှာ ကြောက်သောကြောင့် ။ ။

No comments:

Post a Comment