ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

ရူး ပြီ ကွယ်



ရူး ပြီ ကွယ်
++++++

အပြာမှာ ရွှေချည်ထိုးပါလို့
အရောင်စုံ 
အချိတ် အဆင် ဆန်းတွေနဲ့
ပုံတော်ရောင် ဖိနပ်ပါး နှင့်
သိပ် လှ တဲ့ လုံ မ ပျို ။

ပွဲ အမြင် နန်းလယ်တင့်ပေသမို့
စွဲ ဘဝင် မြင်သူအေးစေတော့
နဂိုယဉ် ချောလှသူရယ်
ဘယ်ပြည်သူ မင်းဝင်စားသလဲ ....

ဆံကေသာ ပိတုန်းနက်နဲ့
ကျောရှင်းလို့ မူယာနွယ်
ပြိုင်လာသူ အကုန်ရှုံးတိုင်း
ဖွဲ့မမှီ မင်း အလှတရား မှာ
ဒီမောင်မှာ ရစ်ကာမူးတော့
သိဝိ မင်းလို့ ရူးပြီ ကွယ် ။ ။

No comments:

Post a Comment