&>L>>>LLL
အဆွေးတွေရဲ့ ကမ္ဘာတစ်ခြမ်းမှာ
အလွမ်းတွေနဲ့ ရူးနေသော
လူသား တစ်ယောက်ပါ ဖြူ
ရင်ခုန်သံတွေ စည်းချက်ကြလို့
ထပ်တူ ပျော်ခဲ့ကြတဲ့ပွဲမှာ
ခုတော့
ငိုရင်းလက်တို့ မျက်ရည်စို့နေမိတယ် ဖြူ
တဏှာ လွန်ရစ်ကာ မချစ်ခဲ့ပါဘူး
သဒ္ဒါ နွံနစ်ကာ ချစ်ခဲ့မိတာ ဖြူ
ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပဲ ပြောပြောလေ
နင့်ဟာ ငါ့ ဘဝရဲ့ မီးအိမ်ရှင် လေးပါ ဖြူ
ပလိုင်းပေါက်နဲ့လည်း ငါ လေ
ဖား မကောက်ချင်တော့ပါဘူး
အချစ်စစ်ဆိုတဲ့ စကားလုံးက
ခုချိန်မှာ
ငါ့ အတွက်တော့ အက်ဆစ်တွေပါပဲ ဖြူ
သေခြာစွာ မသိလိုက်ရပါပဲ
နောက်ကွယ်မှာ ဖောက်လွယ်တော့
ငါ့ အချစ် ငါ့ မေတ္တာ ငါ့ သစ္စာတွေ က
တောပြုန်းသွားသလိုမျိုးပါပဲ
တန်ဖိုးနည်းသွားတဲ့ နှလုံးသားတွေကို
အသိုက်အမြုံအဖြစ် ထုပ်ပိုးရင်း
အဆုံးသတ် မသေခြာမှာတော့
နင် နဲ့ ငါ ဟာ ဝေးခဲ့ကြပြီပေါ့ ဖြူ ရယ် ။ ။

No comments:
Post a Comment