
မောင့် ကုမုဒြာ
*^*^*^*^*
ရွှေကြာအလှ သဘာဝနဲ့
ပန်းချီရေးခြယ် ဆေးဖလှယ်လည်း
ဘုန်းကံတောက်ကြွား ပန်းတစ်ပါးမို့
ချူတိုင်းသာလည်း မရဲပြီ ။
ရိုးတံမြင့်မား ပွင့်စွမ်းအားနဲ့
မွှေးပျံ့သန့်ရှင်း ဖြူစင်ခြင်းက
မြင်သူကိုငေး ဆွတ်ချူရေးကို
တတ်နိင်ညားပင် မစွမ်းသာ ။
ရေမှာဝင့်ထယ် ထိုပန်းနွယ်က
ရွှေနှင့်ယိုးမား ပန်းစကားလား
မှော်ရုံဖမ်းစား နတ်သမီးလား
တစ်ရိုးတစ်ညှာ တစ်ခိုင်တစ်ပွင့်
ပနာတင့်ဆန်း သည်းညှာပန်းမို့
မခြွေ မခူး ရူးချင် ရူးတော့
သူမုန်းသွားမှာ ကြောက်သောကြောင့် ။ ။
No comments:
Post a Comment