ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

တို့ အမေ



တို့ အမေ
*__/\__*

ဖေ့ဘုတ် ပေါ်က
မျိုးချစ်တစ္တေ ၊ မျက်ကန်းထွေတို့
ပြောကြားကားနေ ၊ မွတ်ဖြစ်ချေဟု
အော်လိုက်သောသံ ဆူဆူညံ ။

အွန်လိုင်းပေါ်ဝယ် မြင်မတူလည်း
မြင်မြင်သမျှ ဆဲဆိုကြ ။

မြန်မာအတိတ် ၊ မြန်မာစိတ်ကို
အများမြင်စွ ၊ ပွဲခင်းပြသို့
ဆဲပါ ဆဲပါ ၊ ရိုင်းကြပါဟု
ဖော်လာလေဟန် စရိုက်မှန် ။

ဒေါင်းတို့အလံ ၊ မေ့အသံကား
မြန်မာနိမိတ် ၊ မြန်မာစိတ်ဟု
စိတ်နေမြင့်မား ၊ မိုးထက်လားမို့
မာန်စွယ်ထိုထို ၊ ကဲ့ရဲ့သူကို
မုန်းကြေ၏ ။

မေတ္တာတရား ၊ လွန်ကြီးမားနဲ့
လင်ကိုမခင် ၊ သားကိုကျင်လို့
ဘုရားလည်းသိ ၊ တရားရှိကာ
ပြည်သူကိုချစ် ၊ ပြည်သူစစ်မို့
အသစ်တည်ထောင် ၊ နိင်ငံအောင်ဖို့
ပြုံးမပျက်ချေ တို့မေမေ ။ ။ 

No comments:

Post a Comment