ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

ယစ် ဖေဖေ သို့



ယစ် ဖေဖေ သို့
*_/\_ *_/\_*

မဖြေသာ ဝေဒနာတေးတွေနဲ့
ဒီကဗျာကို ရေးပေမယ့်
သား လေ အချစ်မပြေပါဘူး
ချစ် ဖေဖေ ရယ် ....

လွန်တာတွေ ရှိကလည်း
ဝန္တာမိပါ ချစ် ဖေဖေ
မနော နဲ့လည်း မပြစ်ရပါ
ဝစီ နဲ့လည်း မပြစ်မှားရပါ
ဒါပေမယ့် ဖေဖေ ရယ်
သား တို့တွေကို ထိုး ပါ
သမီး တို့တွေကို ရိုက် ပါ
အမေ့ကိုတော့ မနှိပ်စက်ပါနဲ့လား
ချစ် ဖေဖေ ရယ် .....

အဖေ့ထက် သား တစ်လ မကြီးပါဘူး
အဖေ ဟာ အဖေ ပါပဲ
ဘုရား နဲ့ တစ်ဂိုဏ်းထဲလေ
သားသမီး မကောင်း မိဘ ခေါင်း တဲ့
သားသမီးတွေ ကောင်းလျက်ပါရဲ့
ယစ်မကာကြောမှာ မှဖြင့်
ဘဝကို ရေစုံမြှောရက်လေသလား
ချစ် ဖေဖေ ရယ် ......

လူဖြစ်အောင် အခြေတည်ပေးခဲ့ပေမယ့်
ဆိုးမွေလည်း ခံ ကောင်းမွေလည်း စံ
မိဘတွေရဲ့ သဘာဝ ကံ ပါ
အသက်တွေလည်း ကြီးပါပြီ အဖေ
တရားသဘောတွေ ပြောပြနေစရာမှမဟုတ်ပဲ
သူများတွေ မော်ကြွာနေချိန် မှာ
သား တို့ သမီး တို့ တစ်တွေကတော့
မျက်နှာတွေ ငယ်လိုက်ရတာ
ချစ် ဖေဖေ ရယ် ......

အရက်မသောက်ပါနဲ့တော့ ဖေဖေ ရယ်
အိမ်ဦးခန်းက ကြေစည်သံနှင့်အတူ
သတ္တဝါတွေအပေါ် မေတ္တာပို့သံတွေကို
သားတို့ သမီးတို့ ကြား ပါရစေတော့လား
ချစ် ဖေဖေ ရယ် ။ ။

No comments:

Post a Comment