ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

ပန်း ပန်ပြစမ်းပါ ကွယ်


ပန်း ပန်ပြစမ်းပါ ကွယ်
***************
တစ်သက်
........... တစ်ခါ

ထုံ အဆင့် နဲ့
..... ငုံ ပွင့်တဲ့ ပန်းပါ 
......... ညီမလေး ရယ် ။

လေ ယူ ရာ ယိမ်း
မြ လက် စိမ်း လို့
လှ သွေး ကြွယ် ရစ်
ပတ္တမြား အစစ်ကလေးပါ
........... ညီမလေး ရယ် ။

မျက်ရည် မကြစမ်းနဲ့
ညီမလေး ရယ်
ဘဝ ဆိုတာ က
တိုက်ပွဲ တစ်ခုပါ
တစ်နေ့နေ့ တော့ဖြင့်
ကိုကို တို့ အားလုံး
ခွဲခွာ သွားကြ ရမှာပါပဲ
ဒါ ဓမ္မတာ တစ်ခုလေ ။

ကို့ကို့ ညီမလေး က
စိတ်ထာ လှတယ်
သဘော ဖြူတယ်
မာယာ ကင်းတယ်
မနော ရှင်းတယ်
လိပ်ပြာ လှသူမို့
ဘုရား သခင်က
ကောင်းချီး ပေးပြီသား 
ယုံထား ညီမလေးရယ် ။

အားမတန် ပေမယ့်
မာန်တွေ ခဲ ရင်း
ကို့ကို့ ကိုလေ
ဗေဒါ လှလှ ပန်ပြစမ်းပါ
ချစ်ညီမငယ်လေး ရယ် ။ ။ 

No comments:

Post a Comment