ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

မောင့် ထံ ပါး

မောင့် ထံ ပါး 
+++++++

မဖြေသာ 
ဝေဒနာ အတွေးတွေနဲ့
တစ်နိင်ငံ ရေမြေခြားဆီသို့
သွေခွာလို့ ပြေးရက်လေသလား
မောင် ........

စာမလာ
သတင်း မပါးပေမယ့်
အခါတော် ဖူးစာရေးရယ်ကြောင့်
မ မှာနော် လွမ်းမျက်ရည်စတွေနဲ့
နေ့ရက်တိုင်းပင် ငိုမိတယ်
မောင် ......

သံသရာထဲမှာ ကံကြမ္မာဆိုတာ
မခွဲ မလွဲ ပါဘူး မောင်
ချစ်တာသိလို့ ဆုံတဲ့ပွဲမှာ
မောင် လည်း မမုန်း
မ လည်း မမုန်း ပဲ
အဆုံးသစ္စာ ပြုံးမေတ္တာနဲ့
မနှေးအမြန် ဂဟေဆက်ရအောင်
အပြေးသာ လှမ်းလာခဲ့ပါတော့လား
မ ချစ် တဲ့ မောင် ။ ။ 


No comments:

Post a Comment