ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 11, 2014

အပူစ ပါ နွယ်


အပူစ ပါ နွယ်
×××××××

သမုဒယ နဲ့ တွယ်
.................. ရင်ထဲက နွယ်
ခက်ညွှန့်ဖြာ သွယ်
........................... အချစ်ဦး နွယ်
ပုရစ်ဖူးတွေ
............... ဝေကာမြူးတော့
မမေ့ဘူးဆိုတဲ့ နွယ်
ဩော်
နွယ် နွယ် နွယ်
တွယ်မလို တိမ်းခဲ့ပါလျက်
နင်
မကြင်လို့ စိမ်း ရက်လေသလား နွယ်
စာ လည်း မလာ သတင်း မပါး
နေနိင်ရက်အားတော့
သမုဒယ ဆိုတဲ့ အချစ်
သည် ရင်မှာ တော့
အပူ ဖြစ်ခဲ့ပါ ပြီ နွယ် ။ ။

No comments:

Post a Comment